English Grammer

Words
206
Reading
1 min
Listen
Play
9y

🥝🥝either——orအသုံး🥝🥝

မောင် မောင် သို့မဟုတ် ကျော်ကျော်
မောင်မောင် ဖြစ်စေ ကျော်ကျော်ဖြစ်စေ ဆိုတာမျိုးကို either---orနဲ့ ရေးရပါတယ်။ or ရဲ့နောက်က ကတ္တားက အနည်းဆိုရင် ကြိယာကလည်း အနည်းရေးရတယ်။ orရဲ့နောက်က ကြိယာက အများဆိုရင် ကြိယာကိုလည်းအများရေးရတယ်
Either orပုံစံက ကတ္တားအချင်းချင်း ကံအချင်းချင်း phrase အချင်းချင်း clause အချင်းချင်ူ ဆက်လို့ရတယ်။ ဥပမာ

Either Mg Mg or Aung Aung will come here tomorrow.
မနက်ဖြန် မောင်မောင်ဖြစ်ဖြစ် အောင် အောင်ဖြစ်ဖြစ် လာလိမ့်မယ်
Either mother or sons have to be told about that.
ဒီအကြောင်းကို အမေဖြစ်ငူကိုပဲဖြစ်ဖြစ် သားတွေကိုဖြစ်ဖြစ် ပြောရမယ်

Sons က အများကတ္တားမို့ have လို့ အများကြိယာနဲ့ရေးတာသတိပြုပါ။
ဒါက subject အချင်းချင်း ဆက်ရေးပုံပါ။

I need to buy either a car or a house .
ငါ ကားဖြစ်ဖြစ် အိမ်တစ်လုံးဖြစ်ဖြစ် ဝယ်ဖို့လိုတယ်
You should tell either me or him about that.
မင်း ငါကိုပဲဖြစ်ဖြစ် သူ့ကိုပဲဖြစ်ဖြစ် ဒီအကြောင်းကိုပြောသင့်တယ်

ဒါကတော့ ကံပုဒ်နှစ်ကို ဆက်ရေးတာ။

You must either call him or send him the message.
မင့်သူ့ကို ဖုန်းရင်လည်းဆက်ရမယ် ဒါမှမဟုတ် မက်ဆေ့ရင်လည်းပို့ရမယ်
ဒါကတော့ call နဲ့ sendဆိုတဲ့ ကြိယာနှစ်လုံးကို either --orနဲ့ ရေးပုံပေါ့။

နေရာပြပုဒ် နှစ်ခုကိုလည်း ရေးလို့ရတာပဲ
You can sleep either on this sofa or in my room.
မင်းဒီဆိုဖာပေါ်မှာပဲဖြစ်ဖြစ် ငါ့အခန်းထဲဖြစ်ဖြစ် အိပ်လို့ရတယ်နော်
You can stay either with me or with Kyaw Kyaw.
မင်းငါနဲ့ဖြစ်ဖြစ် ကျော်ကျော်နဲ့ဖြစ်ဖြစ် နေလို့ရတာပဲ

အချိန်ကိုဆက်လည်းရတာပဲ
Do it either today or tomorrow.
ဒါကို မင်းဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် လုပ်လိုက်ပါ

အဓိကကတော့ တူညီတာအရာနှစ်ခု ရွေးချယ်ရာမှာသုံးတာပါပဲ
It's either red or black. I can't remember.
အနီဖြစ်ချင်ဖြစ်မယ် အနက်ဖြစ်ချင်ဖြစ်မယ် ငါမမှတ်မိဘူး
adjective နှစ်ခုကိုဆက်တာပေါ့။

Either I drive to the airport or I get a taxi.
ငါ လေယဉ်ကွင်းကို ကားမောင်းသွားချင်သွားမယ် ဒါမမဟုတ် taxi ငှားသွားမယ်
ဒါကတော့ ဝါကျကို ဆက်တဲ့ပုံစံ
image
အင်္ဂလိပ်စာဗဟုတများကြွယ်ဝကြပါစေဗျာ
မေတ္တာဖြင့်
ဧရာနွယ်
Please Follow kyawshwe@kyawshwe

English Grammer | Ecency