အနာဂတ်​ပညာ​ရေး

Words
3
Reading
1 min
Listen
Play
9y

ပညာရေးကို ရင်းနှီးမြှုပ်နှံ ပေးပါ<<<
image
အနာဂတ် တိုင်းပြည် ကောင်းစားဖို့ဆိုလျှင် ပညာရေးကို ရင်းနှီးမြှုပ်နှံပေးရပါမည်။ အကာအရံဖြစ်တဲ့ ကျောင်းဆာင် အဆောက်အဦးတို့ လုံခြုံစိတ်ချမှု ရှိခြင်းအပြင်.. အနှစ်သာရဖြစ်တဲ့ "ပညာ" ကိုလည်း တိုးတက်အောင် ပိုမို လုပ်ဆောင်ပေးရပါမည်။

ကျောင်းထွက်ရခြင်း အကြောင်းရင်းများထဲမှာ စာမေးပွဲကျလို့ ကျောင်းထွက်ခြင်းဟာ အဓိက အကျဆုံး မဟုတ်ပါ။ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး မပြေလည်မှုများအပြင်... သင်ကြားခြင်း နည်းစနစ် (အလွတ်ကျက် အလွတ်ဖြေ စနစ်) နဲ့ လက်တွေ့သက်ခန်းစာများ မပါဝင်ခြင်းဟာလည်း ကျောင်းသားလူငယ်များရဲ့ စိတ်ပါဝင်စားမှုကို လျော့ကျစေသလို.. ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး တွေးခေါ်ဆင်ခြင်နိုင်တဲ့ လူငယ်များလည်း (များစွာ) ပေါ်ထွန်းမလာခဲ့တာ ရာစုနှစ် တစ်ဝက်လောက်ရှိပါပြီ။
image
ပညာရေးကို ရင်းနှီးမြှုပ်နှံပေးပါ။ လူတိုင်း (ပညာရည် မတူညီတဲ့ ကျောင်းသားတိုင်း) စာမေးပွဲ အတူတူအောင်စရာ မလိုပါ။ တော်သူများကို တင်ပေး၊ မြေတောင်မြှောက်ပေးပြီး ၊ ကျန်သူများကို ဝန်းရံပါစေ။ အကုန် အအောင်ပေးတဲ့အခါ အပေါ်ရောက်လျှင် ဒုက္ခများတတ်ပါတယ်။ အုတ်ရောရော ကျောက်ရောရောက အောက်ခြေအဆင့်မှာပဲ ကောင်းပါတယ်။ အပေါ်မြင့်လေ စိန်ကောင်း ကျောက်ကောင်းလေးတွေ ထွက်လေ.. တိုင်းပြည်တိုးတက်လေပါပဲ..။
image
နည်းပညာများကို လက်လှမ်းမှီအောင် လုပ်ဆောင်ပေးပါ။ အင်္ဂလိပ်စာ မဖတ်ချင်ဘူး.. ဘာသာပြန်မှ ဖတ်ချင်ပါတယ် ဆိုသူတွေအတွက် နည်းပညာ ဘာသာပြန်တွေ အဖွဲ့တစ်ဖွဲထားပြီး ကျေးလက်ဒေသ အရောက် ဆက်သွယ်ပေးပါ။ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေးပါ။ ကျောင်းသား အားကစားကို မြှင့်တင်ပေးပါ။ လေ့လာရေးခရီးတွေ စီစဉ်ပေးပါ။ ပညာတွေကို တတ်အောင် သင်ပေးပါ။

ပညာရေးဟာ မှန်ကန်စွာ ရင်းနှီးမြှုပ်နှံပြီးလျှင် အဆပေါင်းများစွာ ပြန်ရနိုင်တဲ့ ရတနာသိုက်ကြီး တစ်ခုပါ ခင်ဗျာ။
image
အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

အနာဂတ်​ပညာ​ရေး | Ecency