သတိရနေတယ်

Words
63
Reading
1 min
Listen
Play
9y

ကောင်လေးရဲ့ သစ်ပင်ဆိုပေမယ့်
ရေသောက်မြစ်လေးက ပါးပါးလျလျလေးရှိသေးတာဆိုတော့
ငါတို့နီးစပ်ရေးက နဖူးပေါ်လက်တင်တွေးတာထက်
မသိမသာလေး ပိုနက်နေသေးတာ။
ဆယ်ကျော်သက်လို စိတ်ကူးယဉ်ကြည့်ရင်တော့
နင်ကကောင်းကင်ဆို ငါက ကြယ်စင်ပေါ့။
လင်းသည်ဖြစ်စေ မှောင်သည်ဖြစ်စေ
ငါတို့တည်မယ့် သစ္စာဟာ
ငါတို့လက်ဖ၀ါးရဲ့နွေးထွေးမှု အတိုင်းတည်စေရမယ်။
ငါတို့်မီးအိမ်လေးကို
ငါတို့ အကြင်နာတွေနဲ့ ဂရုတစိုက်နဲ့ လင်းထိန်ပေးမယ်။
ဟောဒီလောကအလယ်
မမှိန်တဲ့ အလင်းနဲ့ မကြွေနိုင်တဲ့ကြယ်ဟာ
ငါတို့ အနာဂတ်လေးဖြစ်စေရမယ်။
နင်ဖွင့်ဟရာနှုတ်တရာကို
ငါတယုတယနဲ့ စာပန်းကုံးသီမယ်
နင်ပန်ဆင်ပေးမယ့် မေတ္တာပန်းတွေတော့
ငါ့ကေသာထက်မှာ
မနွမ်းမခြောက်တည်ပါစေ။
ငါ့ဘ၀ရဲ့ တောင်းဆုဆိုတာလည်း
နင်ဂရုတစ်စိုက်စီမယ့်
ဒိုင်ယာရီရဲ့အသံအနေအထားအတိုင်း
မတိမ်းမစောင်းတည်စေချင်တာ
ကောင်လေးရေ
ဖောက်လွဲဖောက်ပြန်ရာသီကြား
ရင်ထဲက ပန်းရောင်လေး
တရံတခါတောငှ် မဆွေးမြေ့စေနဲ့။
သတိတရနဲ့ ခေါ်သံကြားတဲ့အခါ
သတိတရနဲ့သာ အကြောင်းပြန်ပါ
အခုရပ်နေတဲ့ လမ်းဆုံ၊ လမ်းခွဲက
အတွေ့ဆိုတာထက်
အတွေးတွေသာ နီးစပ်ခွင့်ရှိတဲ့ ကာလ
ကောင်ကလေးရယ်
ငါတို့လိပ်ပြာတွေ ခွဲထားရတာ
ခဏတဖြုတ်ပါကွယ်။။။။

သတိရနေတယ် | Ecency