`မင်းအကြောင်း´

Words
29
Reading
1 min
Listen
Play
9y

အိမ်မက်တစ်ခု ငြိမ်သက်မှုနဲ့လဲလျောင်း၊

ငါ့ခေါင်းထဲမှာ မင်းအကြောင်းတွေပါပဲ...

ရည်မှန်းချက်လား ခပ်ဝါးဝါးတောင်မတွေး

မပေးဖြစ်တဲ့ ကဗျာတွေမှာ မင်းအကြောင်းတွေပါပဲ...

မနက်ဖြန်အတွက်ဆို လက်တံလှည့်မရတဲ့ နာရီလို

ရာသီပြိုအလွမ်းတွေနဲ့ ကြမ်းနေခဲ့တဲ့ ငါ့နှလုံးသားမှာ

အမြဲစဉ်းစားနေတာ မင်းအကြောင်းတွေပါပဲ...

ဘ၀အကြောင်း စာလုံးပေါင်းဖို့ ကျောင်းပို့ခဲ့တဲ့

အဖေနဲ့ အမေ၊ ဒါပေမဲ့ ပေခဲ့ လေခဲ့တဲ့ ငါ

စာဆိုတာ အမြဲရေး မင်းအကြောင်းလေးတွေချည်းပါပဲ...

`မင်းအကြောင်း´ | Ecency