ကဗျာ(poetry)
Face-to-face live
What a painful wound tolerated
I've wrote (poem).
မမြင်နိုင်တာကိုပဲ လှမ်းလှမ်းချည်နေရတဲ့
အနမ်းတစ်ကန့် အလွမ်းတစ်ကန့်ပန်းချီ
စုတ်ချက်ကမပီတော့ ခက်တယ်။
အုပ်သင်းဖွဲ့ လွှင့်လွှင့်နေတဲ့
ဝါကျင့်ကျင့်မိုးတိမ်တွေရဲ့ ကိုယ်ပေါ်က
လိမ္မော်ရောင် ညနေခင်းတွေဟာ ငါတို့ဘဝလား။
အခက်အညွှန့် မဝေတဲ့ ဆက်ဆံရေးမှာ
အဖက်မတန်သလို လက်ခံနေရတဲ့ အဆွေး
ဘယ်လိုတေးနဲ့ အဖြေပေးမှ
ဘယ်နှစ်ဘဝစာ ကျေးအေးမှာတဲ့လဲ။
ညသိပ်လေပြေ အပြန်ခက်ရာက
လျှံတက်လာတဲ့ မျက်ရည်အပူတွေဟာ
မျှော်လင့်နေကြောင်း သက်သေထူဖို့
ငါ့ကိုယ်ငါ ကူးလိုက်တဲ့ မိတ္တူပါကွယ်။
@kyawkyawkhaing