ထားခဲ့သူ နဲ့ ကျန်ခဲ့သူ ...
ဘယ်သူက ပိုခံစားရမလဲ ?
ထားခဲ့သူလား ?
ကျန်ခဲ့သူလား ?
တကယ်တော့ ... ထားခဲ့သူဖြစ်ဖြစ် ... ကျန်ခဲ့သူဖြစ်ဖြစ် တကယ်ချစ်တဲ့သူက ပိုခံစားရပါတယ်.
ဆုံးဖြတ်ချက်ရဲ့ ' နောက်ဆက်တွဲ ' ဖြစ်လာတာမှန်သမျှ
ကိုယ်ခံစားရတယ် ... ဒါအပြင် ကိုယ်နဲ့ပက်သက်ဆက်နွယ်နေသူပါ အဲဒီ့ ' နောက်ဆက်တွဲ ' တွေက ဂယက်ရိုက်တတ်တော့ ... ' နောင်တ ' မဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေလိုတာပေါ့.
ထားခဲ့သူကလည်း လိပ်ပြာသန့်သန်းနဲ့ထားခဲ့ဖို့ ...
ကျန်ခဲ့သူကလည်း ကျန်ရစ်သူအဖြစ် ကြေကွဲမနေဖို့ပေါ့.
emotion ကြောင့်ချလိုက်တဲ့ ဆုံးဖြတ်တွေတိုင်းက မှန်ကန်သလား ?
ဦးနှောက်ကိုမူတည်ပြီးချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းကရော အကောင်းဆုံးလား ?
စိတ်ခံစားချက်ပေါ်မူတည်ပြီး ဆုံးဖြတ်ဆုံးဖြတ် ...
ဦးနှောက်နဲ့ဘဲ ဆုံးဖြတ်ဆုံးဖြတ် ...
ကိုယ့်ဆုံးဖြတ်ချက်ရဲ့ ' နောက်ဆက်တွဲ ' တွေကို ...
ကိုယ်ခံစားရမယ် ...
ကိုယ်တာဝန်ယူရမယ် ...
ကိုယ်နဲ့ပက်သက်ဆက်နွယ်နေသူတွေလည်း ခံစားမှုအဖျားခတ်ချင်ခတ်နိုင်တယ် ...
ဒီတော့ ...
စိတ်ပင်ပမ်းနေရင် အနားယူပါ ...
အိပ်ရေးဝအောင်အိပ်ပါ ...
အစားကောင်းမွန်စွာစားပါ ...
ရေချိုး ခေါင်းလျှော် လန်းဆန်းအောင်နေပါ ...
တရားနာချင်ရင်နာ ... စာအုပ်ဖတ်ချင်ဖတ် ... သီချင်းနားထောင်ချင်နားထောင် ...
ဘုရားရှိခိုး မေတ္တာပို့ ...
ရေတစ်ဝသောက် ...
ဆိတ်ငြိမ်တဲ့နေရာမှာ အေးအေးဆေးဆေးထိုင် ...
ကိုယ့်အတ္တ မာန ဆန္ဒတွေ ခဏဖယ် ...
ခေါင်းအေးအေးနဲ့ ...
သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်မျှတွေး ...
သူ့နေရာမှာ ခဏနေကြည့် ...
ကိုယ်ချင်းစာတရားမွေး ...
ဆုံးဖြတ်ချက်ရဲ့ ' နောက်ဆက်တွဲ ' ဖြစ်နိုင်ခြေရှိတာတွေစဉ်းစား ...
ပြီးရင် ဆုံးဖြတ်ချက်ချလိုက်ပါ.
ဆုံးဖြတ်ပြီးရင်တော့ ...
ကိုယ်ရွေးချယ်တဲ့လမ်းမှာ သေချာလျှောက်ပါတော့ ...
နောင်တကင်းစွာနဲ့ပေါ့.
အေးချမ်းပါစေ😊