Life

Words
104
Reading
1 min
Listen
Play
9y

image
အချစ်မှာ ဘဝပါ မပါသင့်ဘူးပေါ့.
အဲဒီ့အချစ် တစ်ချိန်မရှိတော့တဲ့အခါ ...
ဘဝကတော့ ဆက်ရှိနေရဦးမှာဘဲလေ.
ဘဝဆိုတာသူများအပေါ်မှီတည်ရင် ...
အဲဒီ့ ' သူများ ' မရှိချိန် ဘာလုပ်မလဲ ?
ကိုယ့်ဘဝကို ကိုယ့်ပေါ်မှာသာမှီတည်ရင်း ...
' သူများ ' တွေကို ချစ်သင့်တာပေါ့နော်.

သံယောဇဉ်ထားချင်ထားပါ ...
သံယောဇဉ်ကြိုးတွေနဲ့ရစ်နှောင် ...
သူများကိုလည်း ' ချုပ် ' ...
ကိုယ့်ကိုယ်ကိုလည်း ' ချုပ် ' တဲ့အခါ ...
' ချုပ် ' ခံရပါများရင် မွန်းကြပ်လာတတ်တယ် .
အလျော့အတင်းလေးနဲ့ ...
ကြိုးလေးတွေကို လိုသလောက်ဘဲ ချည်နှောင်တာကောင်းတာပေါ့နော်.

မုန်းချင်မုန်းပါ.
အမုန်းမှာ ရေစုန်မျော ...
မုန်းခြင်းနဲ့စား မုန်းခြင်းနဲ့အိပ် မုန်းခြင်းနဲ့ရှင်သန်ရတဲ့အခါ ...
ဘဝက ခါးသက်တတ်တယ်.
ချိုချဉ်ငန်ဖန်စပ်ခါးတွေနဲ့မှ ဘဝက
အရသာပြည့်စုံလို့ ...
အမုန်းခါးခါးတွေကြား မနစ်မြှုပ်ပါနဲ့.
ခါးပြီးသွားရင် အခါးကိုလက်လွှတ် အချိုဘက်ပြောင်းရမှာပေါ့.
အမုန်းခါးတွေဖုံးလွှမ်းနေလို့ ရှိနေလျှက်နဲ့ မမြင်နိုင်တဲ့ ချိုမြိန်ခြင်းတွေ ခံစားဖို့ ...
အမုန်းခါးခါးကို ခွင့်လွှတ်ခြင်း ... လက်လွှတ်ခြင်းတွေနဲ့ အဆုံးသတ်သင့်တာပေါ့နော်.

ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့သေမယ်မသိလို့ ...
ရှင်သန်နေရတဲ့ နေ့ရက်တိုင်းမှာ ...
မနှစ်သက်တဲ့ ခံစားမှုတွေအောက် တစ်ဘဝလုံးမြှုပ်နှံလိုက်ရင် နှမြောစရာကြီး ...

ဆုပ်ကိုင်မထားသင့်ဘူးထင်ရင် ... ချက်ချင်းလက်လွှတ်ခြင်းတွေနဲ့ ... ဘဝထဲဆက်လက်ထားရှိရမယ့်အရာတွေကို တန်ဖိုးထားရင်း နေ့ရက်တွေကို အေးချမ်းစွာ ဖြတ်သန်းကြရအောင်နော် .

#မယ်

Life | Ecency