မနှစ်က ဒီနေ့မှာတင်ခဲ့တဲ့ပိုစ့်လေး. ပြန်တင်တာ 😊
2016 က Me Before You ဇာတ်ကားလေးဟာ ကျွန်မ သိပ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တွေထဲကတစ်ခုပေါ့ ...
အဲဒီ့တုန်းက ရုပ်ရှင်ကြည့်ပြီးရင် ရုပ်ရှင်အကြောင်း ဆွေးနွေးဖြစ်တဲ့အခါ ... သူငယ်ချင်းတစ်ယောက်နဲ့ Me Before You ဇာတ်ကားအကြောင်းပြောဖြစ်တယ်.
များသောအားဖြင့် အမြင်ရှုထောင့်အမြဲတူလေ့ရှိတဲ့ ကျွန်မ နဲ့ သူငယ်ချင်းဟာ ဒီ Me Before You ဇာတ်ကားအကြောင်းပြောဖြစ်တဲ့အခါ သူပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်မ ဆက်မဆွေးနွေးဘဲ သူ့စကားကို တွေးကြည့်မိခဲ့တယ်. သူငယ်ချင်းပြောတာက ...
' မင်းသားဒုက္ခိတကို မင်းသမီးက ရှိတဲ့ ရည်းစားပစ်ပြီး မင်းသားကိုကြိုက်သွားတယ်. တကယ်လို့ ... မင်းသားသာ မချမ်းသာဘူးဆို မင်းသမီးက ကြိုက်ပါ့မလား ' တဲ့.
' ငွေကြေး ချမ်းသာမှု ' ကြောင့်ချစ်တယ်ဆိုတာ တကယ့်အချစ်စစ်မှာ မရှိရဘူးလို့ ကျွန်မ ယုံကြည်ခဲ့တာကိုး.
တကယ်လို့သာ Me Before You ဇာတ်ကားမှာ မင်းသားသာ ပိုက်ဆံမရှိသူဖြစ်ခဲ့ရင် မင်းသမီးက သူ့လက်ရှိ ချစ်သူကိုပစ် ဒုက္ခိတ ပိုက်ဆံမရှိတဲ့မင်းသားကို ချစ်ပါ့မလားပေါ့.
ကျွန်မ မှာ အဖြေမရှိပါဘူး. ဘာလို့လည်းဆို လူတစ်ယောက်နဲ့ တစ်ယောက်မတူလို့ပါဘဲ. ကျွန်မမဟုတ်တဲ့ မင်းသမီးက ဘယ်လိုခံစားမယ် ကျွန်မမှ မသိဘဲကိုး.
ငယ်ငယ်က အချစ် နဲ့ ယခု ခံစားချက် ဘာကွာလဲဆို ' မိုက်ရူးရဲ ' ' တဇွတ်ထိုး ' ' အချစ်သည်သာ ကိုးကွယ်ရာ ' ' ရင်ခုန်တာ အချစ်လား ' တွေတစ်ခုမှ မရှိတော့ပေမယ့် ငယ်ငယ်က လက်ခံယုံကြည်ခဲ့တဲ့အတိုင်း အချစ်ဟာ ' ငွေကြေး ' ကြောင့် ပေါက်ဖွားမလာနိုင်ဘူး ဆိုတာကတော့ ယခုချိန်ထိ ခံယူယုံကြည်နေဆဲပါဘဲ.
အကြောင်းပြဖို့ခက်ခဲတဲ့ သူ့အလိုလို နှလုံးသားက ဖြစ်တည်လာတဲ့ ' အချစ် ' မှာ ' ဘာကြောင့် ' ဆိုတဲ့ အကြောင်းပြချက်တွေရှိနေရင် ဒါ အချစ်မဟုတ်ဘူးလို့ ဆိုချင်မိသေးတယ်လေ. ' ဘာကြောင့် ' လို့ အကြောင်းပြလိုက်တာနဲ့ အဲဒီ့ ' ဘာကြောင့် ' မရှိတာ့တဲ့တစ်နေ့ အဲဒီ့လူကို မချစ်တော့ဘူးပေါ့.
ခံစားယုံကြည်မိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ အကြောင်းပြချက်ကင်း ... ကိုယ်ချစ်ရသူကို တွေးလိုက်တာနဲ့တင် ကိုယ့်နှလုံးသားက နွေးထွေး ကိုယ့်နှုတ်ခမ်းဖျား အပြုံးတွေ ဖူးပွင့် ... မပိုင်ဆိုင်ရဘဲ အဝေးကနေတောင် သူ့ကို စိတ်ချမ်းသာပျော်ရွှင်စေဖို့ ဖြည့်ဆည်းပေးချင်နေတာမျိုး.