အရှုံးမပေးဘူး

Words
49
Reading
1 min
Listen
Play
9y

ကျောင်းစောင့်နဲ့ကျောင်းအုပ်ကြီးစက်ဘီး

အမေပြောဘူးတာလေးသတိရနေတယ်
သူကျောင်းဆရာမပေါက်စဘဝက ကျောင်းမှာ ဖြစိတာ
ကျောင်းအုပ်ကြီးက စိတ်ကူးပေါက်ရင်ပေါက်သလိုခိုင်းတယ်
သူခိုင်းချင်တဲ့သူကို တွေ့တဲ့အလုပ်ခိုင်းတာ
ဒရဝမ်(ကျောင်းစောင့်)ကြီးကို ကောင်စီရုံးကိုစာခဏခဏ သွားပို့ခိုင်း
တယ်
ကျောင်းစောင့်ကြီးကလည်းသွားတာပဲ
ရိုးရိုးမသွားဘူး
ဆရာကြီးရဲ့စက်ဘီးကိုတောင်းသွားတာ
ဆရာကြီးကလည်းပေးတာပဲ
ခက်တာက ကျောင်းစောင့်က စက်ဘီးမစီးတတ်ဘူး
ဆရာကြီးကသိသိကြီးနဲ့ပေးလိုက်တာ ငါခိုင်းတာပဲ သူဒီလောက်တော့
အခွင့်အရေးတောင်းမှာပဲပေါ့လေ
ကျောင်းစောင့်ကြီးက ဒီစက်ဘီးကြီးကို တွန်းသွားတာဗျ
ကျောင်းနဲ့ရုံးကနှစ်မိုင်လောက်ဝေးတာ
အသွားအပြန်တွန်းတာပဲ။
အကြောင်းသိတဲ့လူတွေကပြုံးစိစိ။
ခိုင်းတဲ့သူကလည်း ကျောင်းရုံးကိစ္စ ဒရဝမ်ကိုခိုင်းတယ်
စာရေးကိုခိုင်းရမှာ
ဒရဝမ်ကလည်းကိုယိ့ကိုလူအထင်ကြီးနည်းလား
ကျောင်းအုပ်ကြီးစက်ဘီးကြီးကိုလျှောက်တွန်းတယ်တဲ့။
ခုခေတ်လိုဘဲ
လူကြီးကလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ကျွမ်းကျွမ်းမကျွမ်းကျွမ်း
ခိုင်းကောင်းပြန်မပြောမဲ့သူကို ခိုင်းတယ်
ခိုင်းခံရတဲ့သူကလည်းကိုယ်မတတ်ပဲနဲ့ အပင်ပန်းခံပြီး မနိုင်ဝန်ထမ်း
လူအထင်ကြီးပြီးရော လုပ်တယ်။
image
မြင်ရတာရယ်စရာ။
ဟာသတွေချည်းဖြစ်။image

အရှုံးမပေးဘူး | Ecency