Thinking the Best

Words
75
Reading
1 min
Listen
Play
9y

ကျန်းမာရေးကလည်း ကိုယ်နေမကောင်းရင် တစ်သက်လုံး ကိုယ့်ဘာသာဆန်ပြုတ်ပြုတ်သောက်နိုင်ရမယ်. ကိုယ်ထူကိုယ်ထ (ကိုယ်ထူပြီးကိုယ့်ဘာသာထ) နိုင်ရမယ် ...
ကိုယ်နေမကောင်းရင် ကိုယ့်ဘာသာဆေးခန်းသွားနိုင်ရမယ်.
ကိုယ့်ဆေးသောက်ချိန် ကိုယ့်ဘာသာမှတ် ဆေးမှန်မှန်သောက်နိုင်ရမယ် စသည်ဖြင့်အပြင် ...
နေမကောင်းရင် ဘယ်သူ့မှ ဒုက္ခမပေးဖို့အပြင် နေမကောင်းရင်လူ့စိတ်သဘောအရ အားငယ်စိတ်လေးတွေဖြစ်တတ်လို့ တစ်ယောက်တည်းပါလားဆိုပြီး အားမငယ်အောင် စိတ်ဓါတ်ကြံ့ခိုင်ရမှာအပြင်
ကိုယ့်ကိုယ်နေကောင်းအောင် အမြဲဂရုစိုက်နေဖို့လည်း လိုတယ်ပေါ့နော်.

ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲတတ်တာ သဘာဝပါ.

' ပွဲမဝင်ခင် အပြင်ကကျင်းပ ' တဲ့.
ကိုယ်ရွေးချယ်နေတဲ့လမ်း ... ရွေးချယ်မယ့်လမ်းအတွက် ...
အသင့်တော်ဆုံးပြင်ဆင်ထားတဲ့အခါ ...
ဒုက္ခကြုံတောင် အာရုံသိပ်မများရဘူးပေါ့.

ပန်းခင်းလမ်းပေါ် လျှောက်နေကြသူလည်းရှိ ...
ဆူးခင်းလမ်းပေါ် လျှောက်ေ.နကြသူလည်းရှိ ...
ဘယ်လိုလမ်းမျိုးမှာလျှောက်နေနေ ... ဘယ်လိုလမ်းမျိုးကိုလျှောက်ဖို့ရည်ရွယ်ရည်ရွယ် ...
လမ်းခရီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ... ရိက္ခာလုံလောက်မှုအတွက် ... ဘေးအန္တာရာယ်တွေအတွက်ကြိုတွေး ကြိုတင်ပြင်ဆင်မှုတွေတော့ရှိရမှာပေါ့. တစ်ယောက်တည်းနေတာတွေရေးလို့ တစ်ယောက်တည်းနေဖို့ အားပေးတာတို့ ဘာတို့ရယ်မဟုတ်ပါဘူး. အားလုံးဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါ. .
ခံယူချက် ... စိတ် ... အယူအဆ ... အမြင်တွေမတူနိုင်တာမို့ ကြိုက်သလို သဘောထားကွဲလွဲလို့ရပါသည်.
image