Life

Words
146
Reading
1 min
Listen
Play
9y

image
' အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု ...
မေတ္တာဆိုတာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု ...
ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါ အခု ' တဲ့.

ဒီသီချင်း ဘယ်သူရေးပြီး ဘယ်သူဆိုတာလဲမသိပေမယ့် ...
ငယ်ငယ်က ကြားဖူးတဲ့ သီချင်းလေး.
' ချစ်ခြင်းမေတ္တာ ' ဆိုတာ တစ်ခုတည်းလို့ထင်ရပေမယ့် ...
လူတွေရဲ့ ချစ်မေတ္တာရှိပုံပေါ်မူတည် ချစ်ခြင်းမေတ္တာတွေ ကွဲပြားသွားတာ မလား.
' တဏှာချစ် ' ' မေတ္တာချစ် ' ...

ရယူပိုင်ဆိုင်လိုတယ် ...
အတ္တ မာနတွေဖုံးလွှမ်းနေတယ် ...
ကိုယ့်ဆန္ဒတွေ ရှေ့တန်းတင်နေသမျှကာလပတ်လုံး ..
ချစ်ပါတယ် ပါးစပ်ကတဖွဖွပြောလည်း ...
သေချာစဉ်းစားပါ ...
' သူ့ ' ကို ချစ်တာလား ?
'ကိုယ့် ' ကိုယ်ကိုချစ်တာလား ?

သူစိတ်ချမ်းသာနေမှုကို ရှေးရှုတယ် ...
သူ့ကိုနွေးထွေးအေးမြစေချင်တယ် ...
ကိုယ်ချင်းစာတရားနဲ့ သူ့နေရာမှာ ခံစားနားလည်ပေးတယ် ...
ဒါဆို ...
' ကိုယ် ' ဟာ ' သူ့ ' ကိုချစ်တာပေါ့.

စကားဆိုတာ တတ်ရင်ပြောလို့ရတယ် ...
ရည်းစားဘဝ ဒူးထောက်ပြီး ချစ်ပါတယ် အခါတစ်သောင်းပြောပြီး ...
အိမ်ထောင်သည်ဘဝရောက်တော့ နှိပ်စက်ကြသူတွေတစ်ပုံတစ်ပင်.
' ချစ်ခြင်းမေတ္တာ ' ဆိုတာ ...
လျှာမှာအရိုးမရှိတဲ့နှုတ်က တဖွဖွပြောရတာမျိုးမှမဟုတ်တာနော်.
' ချစ်ခြင်းမေတ္တာ ' ဆိုတာ အမြဲလို ကိုယ့်အပေါ် သူပြုမူတဲ့
အပြုအမူတွေမလား ?

သူစိုက်ပျိုးလိုက်တဲ့ ...
အေးမြတဲ့ ' ချစ်ခြင်းမေတ္တာ ' ဆိုတာ ...
ကိုယ့်နှလုံးသားမှာ ခိုင်မာစွာ အမြစ်တွယ် ...
တွေးလိုက်တာနဲ့တောင်
ကိုယ့်နှုတ်ခမ်းမှာ
၁၂ ရာသီ အပြုံးပန်းပွင့်တွေ ဖူးပွင့်စေတာမျိုးလေ.

ကိုယ်ပေးလိုက်တဲ့ ' ချစ်ခြင်းမေတ္တာ ' တွေ
သူ့ နှုတ်ခမ်းမှာ အပြုံးပန်းတွေ ပွင့်စေပြီလား ?
သူပေးနေတဲ့ ' ချစ်ခြင်းမေတ္တာ ' ကရော
ကိုယ့်နှုတ်ခမ်းမှာ အပြုံးပန်းတွေ ပွင့်ပြီလား ?
image

Life | Ecency