အမြင်

Words
239
Reading
2 min
Listen
Play
9y

အမြင်ဆိုတာ ငယ်ငယ်က သိပ်နားမလည်ခဲ့ဘူး ...
ကိုယ့်အမြင်မှန်တယ်ထင် ပြိုင်ငြင်းသေးတာ.
အသက်ကလေးရလာတော့ ...
မတူတဲ့ အမြင်တွေ ...
မတူညီတဲ့ ခံယူချက်ကနေ ဖြစ်ပေါ်လာတဲ့ ရှုထောင့်တွေ ...
မတူညီတဲ့ အတွေးတွေကနေ ထပ်ဆင့်ပွားလာတဲ့ ကြည့်မြင်မှုတွေ ...
လက်ခံတတ်လာတယ် ...
တိတ်ဆိတ်တတ်လာတယ် (ပြိုင်မငြင်းတော့ဘူး) ...
ပြုံးတတ်လာတယ် (ပြုံးနေခြင်းဟာ အေးချမ်းတယ်လေ) ...

တစ်နေ့ထဲမှာ တွေ့သူနှစ်ယောက်က ...
တစ်ယောက်က ' ဟယ် ... ပိန်သွားလိုက်တာ. အသားတွေကလည်းမည်းလို့. '
နောက်တစ်ယောက်က ' ကြည့်စမ်း ... အသားတွေဖြူပြီး ဝလာလိုက်တာ. ' တဲ့.
ဘယ်သူက အမှန်ပြောသလဲ မစဉ်းစားပါနဲ့.
မှန်ထဲကြည့်ပြီး ငါ ပိန်သွားသလား. ဝလာသလား. အသားဖြူသွားသလား. အသားမည်းသွားသလား တွေးပြီး စိတ်မညစ်ပါနဲ့.
ကိုယ့်ကိုယ်ကို နေ့စဉ်မြင်နေရလို့ ကိုယ်အသားဖြူသွားသလား မည်းသွားသလား ကိုယ်တိုင်အသိဆုံးပါ.
ဝလာသလား ပိန်သွားသလားကို ပေါင်ချိန်စက်က အမှန်ဆုံးပြောပြပါလိမ့်မယ်.

ဒီလိုပါဘဲ ...
ဘယ်အရာမဆို ရှုမြင်မှုတွေမတူတာမို့ ...
မတူညီတဲ့ ရှုမြင်မှုတွေကနေ စကားလုံးတွေမွေးဖွားလာတာတွေအပေါ် စိတ်ညစ် စိတ်ရှုပ် ဝမ်းသာဝမ်းနည်း ခံစားနေရရင် ဘယ်ဆုံးမှာလဲနော်.

ချစ်တဲ့သူတွေက ချစ်တဲ့စိတ်လေးနဲ့ကြည့်လို့
ကိုယ်ဘာလုပ်လုပ် အကောင်း ချစ်နေလိမ့်မယ်.
မချစ်ခင်သူတွေက မချစ်ခင်တဲ့စိတ်နဲ့ကြည့်လို့
ကိုယ်ဘာလုပ်လုပ် မကောင်းမြင်လိမ့်မယ်.

သူ့ ' စိတ် ' က ကိုယ့် ' စိတ် ' မဟုတ်လို့ ...
ဖြစ်နေသမျှ ကြားနေသမျှ အမြင်တွေကို
လိုက်ပါခံစား အာရုံများရင်
ကိုယ်လျှောက်နေတဲ့လမ်း ပန်းတိုင်တစ်ချို့ဝေဝါးသွားတတ်တယ်ပေါ့.

' ၁ ' ကို အရပ်လေးမျက်နှာကြည့်သူတွေအပေါ်မူတည် ...
' ၁ ' ' ဂ ' ' ပ ' ' င ' လို့ မြင်ကြသေးတယ်မလား.
ကိုယ့်လည်း ကိုယ့်အမြင် ...
သူလည်း သူ့အမြင်ရှိပါစေ.
သူ့ဘက်ကငြင်းလာရင်လည်း ' တောင်းပန်ပါတယ် ' ဆိုတာနဲ့ဘဲ အဆုံးသတ် အကုသိုလ်မများဖို့ပေါ့.

ကြားနာ နာခံ နားထောင်လို့ရပါတယ် ...
မိဘဆီက ...
ဆရာ ဆရာမတွေဆီက ...
မိတ်ဆွေ သူငယ်ချင်းကောင်းတွေ ကိုယ့်ကိုချစ်တဲ့သူတွေဆီက ...
သူတို့က ကိုယ် ' ကောင်း ' ဖို့ရာတွေ လမ်းညွှန်မှာပေါ့ ...
အမြင်မတူလည်း ...
အေးအေးဆေးဆေး ကိုယ့်အမြင်တွေ တင်ပြဆွေးနွေးလို့ရတယ်မလား.

အမြင်မတူတဲ့အခါ ...
' တောင်းပန်ပါတယ် ' ဆိုတာက ...
အောက်ကျို့တာလည်း မဟုတ်ဘူး ...
အရှုံးပေးတာလည်းမဟုတ်ဘူး.
' ငြိမ်းချမ်းရေး ' ယူတာပါ.
' ငြိမ်းချမ်းရေး ' ဆိုတာ
တောက်လောင်နေတဲ့ မီးတွေ ' ငြိမ်း ' စေပြီး
ကိုယ့် ' ရင် ' ကိုရော သူများ ' ရင် ' ကိုပါ အေး ' ချမ်း ' စေပါတယ်.

' တောင်းပန်ပါတယ် ' လို့စပြောတတ်သူဟာ ...
မတူညီတဲ့ အမြင်တွေကို လျစ်လျူရှုတာလည်း မဟုတ်ပါဘူး.
သူ့ ' ရင် ' ကိုရော သူများ ' ရင် ' ကိုပါ အေးချမ်းစေဖို့ ငြိမ်းချမ်းရေးယူတာပါ.

မတူညီတဲ့ အမြင်တွေ ညှိယူလို့မရတဲ့အခါ ...
ပြောပါရစေ ...
' တောင်းပန်ပါတယ် ' လို့ ...
နှစ်ဦးနှ
image

အမြင် | Ecency