To my Mom

Words
112
Reading
1 min
Listen
Play
9y

ကျွန်တော်တို့အနာဂတ်ကြီး ခေါင်းပေါ်ရွက်လို့
တစ်ရွာဝင် တစ်ရွာထွက်
တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ပြောင်း
အမေပြောနေကျစကား
'သူခြေတိုမှ ကျွန်တော်တို့
ဇီဝဓာတ်တွေ ရှည်မယ်' ဆိုပဲ။

မန္တလေးမြို့က ဝမ်းဝေးလမ်းမကြီးတွေပေါ်ရောက်တိုင်း
အမေ့ကို ပြန်ပြန်သတိရတယ်။

စံပယ်ပန်းရုံနားထိုင်ဖြစ်ရင်တော့
စံပယ်ရနံ့တွေရနေဦးမှာပေါ့အမေ
ရွာဖြစ်ထွက်ကုန်တွေနဲ့ ကျမ္မာပါစေ။

တကယ်တော့ အမေဆိုတာ
ကမ္ဘာကြီးကို မေတ္တာတရားနဲ့လင်းစေသူ
ကရုနာတရားနဲ့ အေးစေသူ
မုဒိတာတရားနဲ့ နွေးစေသူ
ဥပေက္ခာတရားနဲ့ ဆတူခံစားသူ။
ကော်ဖီလား ?
ခါးတယ်လို့ ဘယ်သူပြောသလဲ ...
ကော်ဖီက မခါးပါဘူး ...
သောက်သူတွေပေါ်မူတည် ...
သကြားများချင်သူ ...
creamer များချင်သူ ...
နို့ဆီများချင်သူ ပေါ်မူတည် ...
အရာသာအမျိုးမျိုးကွဲပြားသွားတာ.

ဘဝလား ?
ခါးတယ်လို့ ဘယ်သူပြောသလဲ ...
ဘဝကမခါးပါဘူး ...
ဘဝကိုတည်ဆောက်ကြသူ ...
ခံယူကြသူတွေ ...
တည်ဆောက်ပုံ ... ခံယူပုံတွေပေါ်မူတည် ...
ဘဝကချိုတယ် ... ခါးတယ် ကွဲပြားသွားတာ.

အချစ်လား ?
ခါးတယ်လို့ ဘယ်သူပြောသလဲ ...
အချစ်ကမခါးပါဘူး ...
အချစ်ကို ခံစားတဲ့သူပေါ်မူတည် ...
အချစ်ကို အရသာခေါင်းစဉ်အောက်သွင်း ...
အချစ်မှာ ချို ချဉ် ငန် ဖန် စပ် ခါးတွေဖြစ်ကုန်တာ.

ခါးတယ်ဆိုတာ ...
ကော်ဖီလည်းမဟုတ်ဘူး ...
ဘဝလည်း မဟုတ်ဘူး ...
အချစ်လည်းမဟုတ်ဘူး ...
' အခါး ' လို့ခံစားနေတဲ့သူပါ.

နွမ်းခြောက်နေတဲ့ ဘုရားစင်ပေါ်က
ပန်းတွေကို မော့ကြည့်ရင်း.
နောင်တတွေရင်ဝမှာလာလာစိုက်
အမေသင်ပေးလိုက်တဲ့
ကိုယ်ချင်းစာတရား တစ်ခုနဲ့တင်
ကျွန်တော်က ကမ္ဘာကြီးဖြစ်သွားခဲ့ပြီ အမေ...။
image

To my Mom | Ecency