အချစ်က အသက်အရွယ်လိုက် ...
ပုံသဏ္ဍန်ပြောင်းတတ်လား ?
သူတစ်ပါးကိုလည်း အေးမြတဲ့မေတ္တာပေးလိုသူဆိုရင် ...
ကိုယ်တိုင်အေးမြတဲ့မေတ္တာတွေရှိသူဖြစ်ရမှာပေါ့ ...
ခံစားရတဲ့ ချစ်ခြင်းမေတ္တာပုံသဏ္ဍန်မှာ ...
ကိုယ့်ကိုမချစ်တော့ရင်တောင် ...
သူတို့ချစ်တဲ့သူတွေနဲ့ သူတို့ဘဝအေးချမ်းသာယာ ပျော်ရွှင်ပါစေဆိုတဲ့ စိတ်လေးက အေးချမ်းတာပေါ့.
ဒါပေမယ့် ...
အဲ့လိုစိတ်ဖြစ်ဖို့ ...
သူ့ဆီက အချစ်တွေ ကိုယ်တစ်ဦးတည်းပိုင်ဆိုင်လိုတဲ့
လောဘ ...
သူ့ဆီက အချစ်တွေ ကိုယ့်အပြင် သူများကိုခွဲပေး သို့မဟုတ် သူများဆီပါသွားတဲ့အခါ ဖြစ်လာတဲ့ ဒေါသ ...
ပြောင်းလဲတတ်တဲ့ လူ့စိတ်သဘောတရားကိုမမြင်နိုင်တဲ့ မောဟ ...
ငါ့သိက္ခာ ငါ့လာမထိနဲ့ဆိုတဲ့ မာန ...
ငါပြီးရင်ငါဘဲရှိတဲ့ အတ္တ ...
ဒါတွေကို ကိုယ့်စိတ်သန္တန်မှာမရှိ ...
ချစ်ရသူတွေ ...
ပျော်ရွှင်ပါစေ ...
အေးချမ်းပါစေ ...
လိုရာဆန္ဒပြည့်ဝပါစေ ...
သူတို့ချစ်သူတွေနဲ့ သူတို့ဘဝသာယာအေးချမ်းပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒလေး စိတ်နှလုံးသားမှာ အမြဲမွေးဖွားရှင်သန်ဖို့တော့လိုတာပေါ့.
သူများကိုအေးချမ်းစေဖို့ ...
ညည်းခံခြင်း ... နားလည်ခြင်း ... ခွင့်လွှတ်ခြင်းတွေ ခက်ခဲသည့်တိုင် ကြိုးစားမွေးဖွားစိတ်နှလုံးသားမှာရှင်သန်လိုက်တဲ့အခါ ...
ကိုယ့်စိတ်နှလုံးသားဟာ အေးချမ်းခြင်းနဲ့ လက်တွဲဖော်ဖြစ်သွားတယ်ပေါ့.
သူများဆီက အေးချမ်းတဲ့ချစ်မေတ္တာလိုချင်ရင် ...
ကိုယ်ကိုယ်တိုင်မှာ အေးချမ်းတဲ့ချစ်မေတ္တာတွေမွေးဖွား သူတစ်ပါးကို ပေးဖို့လိုတာပေါ့.
ပေးကမ်းစွန့်ကြဲခြင်းသည် အောင်မြင်ရာ၏တဲ့.
အလှူကြီး ငွေများစွာ လှူမှရယ်မဟုတ်ပါဘူး.
ချစ်ခြင်းမေတ္တာတွေ လှူလို့ရပါတယ်.
လက်ခံသူ လက်မခံသူတွေရှိမှာပေမယ့် ...
ကိုယ့်ဘက်က သူတစ်ပါးအေးချမ်းပျော်ရွှင်ပါစေဆိုတဲ့ စိတ်ဆန္ဒနဲ့ ချစ်ခြင်းမေတ္တာ လှူလိုက်ပါ.
ရယူစိတ်နဲ့ လှူတာထက် ...
ပြန်လည်ရယူလိုစိတ်မရှိ ကိုယ့်ဘက်ပေးလှူခြင်းသာ အာရုံထားတဲ့အခါ ...
ဒီဘဝအကျိုးမထူးတောင် သံသရာအတွက်ထူးပါတယ်.
ကံ ကံ၏အကျိုးတဲ့.
ဒီဘဝ သံသရာဝဋ်က မကျွတ်လွတ်သေးရင်
ချစ်သူ မုန်းသူ မည်သူ့ကိုမဆို ...
ချစ်ခြင်းမေတ္တာပေးလှူခြင်းနဲ့ ...
သံသရာခရီးသည်တွေဖြစ်ကြမယ်လေ ...
ဘယ်လိုလဲဟင် ...
အေးမြတဲ့မေတ္တာပေးလှူခြင်း သံသရာခရီးသည်တွေမှာ အဖွဲ့ဝင် ဖြစ်ပေးမလား ?