Kayah

Words
41
Reading
1 min
Listen
Play
9y

အသံကြောင့် ဖားတင်မကဘဲ့လူပါသေနိုင်တယ်။ ဆန့်ကျင်ဘက်ပြောရရင် အကျိုးကောင်းအာနိသင်ရှိတယ်။ ဖန်ခွက်တခွက်ကွဲအောင် အသံနဲ့ပြုလုပ်နိုင်တယ်။
အသံတိုင်းမှာစွမ်းအားတွေရှိတယ်။ ဖတ်ဖူးသလောက်ပြောရရင် ဆဲဆို၊အော်ဟစ်ဆူညံပြီး လူအယောက်နစ်ဆယ်က တလတိတိ အပင်တပင်ကို လုပ်မယ်ဆိုရင်..အာ့အပင်က တလပြည့်တာနဲ့သေရောဆိုဘဲ့။ ဒါက အော်ဟစ်ဆဲဆိုဆူညံတဲ့အသံက ဓားလိုကတ်ကြေးလို ဖြတ်နိင်တဲ့စွမ်းပါတယ်လို့ဆိုနိုင်တယ်။ နောက်တခုက ဂီတသံသာယာသောအသံဖွင့်ပေးရင် ပန်းပင်တွေက အထွက်တိုး အပွင့်မြန်တယ်လို့ လကိတွေ့စမ်းသပ်ဖူးသူတွေကဆိုတယ်။
ဒါဆို နက္ခတ်နဲ့ကိုက်ပြီး ရွှေမိုးငွေမိုးရွာအောင်လုပ်နိုင်တဲ့သူတွေ၊ အသံနဲ့လူကိုသေအောင်သတ်နိုင်တာ ကောင်းကျိုးပြုတာ၊ ဒါတွေကဖြစ်နိုင်ချေရှိတယ်။ အာကာသမှလာတဲ့အသံတွေကိုရေဒီယိုလိုင်းမဖမ်းရင်ကြားနိုင်ပါတယ်။ လေဟာနယ်ကိုအသံကဖြတ်နိုင်ကြောင်းပြောတာပါ။ တယ်လီဖုန်း၊ကြေးနန်းသဘောတရားကိုနားလည်ရင်သိနိုင်ပါတယ်။
ခြင်တွေကြွက်တွေပြေးတဲ့အသံလိုင်းတောင် လုပ်နိုင်ကြပါတယ်။ စီးတီးမတ်မှာရနိုင်တယ်။
ဒါဆို..သေချာဆန်းစစ်ကြည့်ရင်ဖြစ်နိုငိတယ်။ အကြောင်းတရားကြောင့်အကျိုးတရားများစွာဖြစ်လာတာပါဘဲ့။

တခုရှိတာက အကျိုးတရားသာသိကြပြီးအကြောင်းတရားမသိကျတဲ့သူကအများသား။ဒီထက်များတာက အကျိုးတရားရောအကြောင်းတရားပါမသိတဲ့သူကရိုက်သတ်ရင်တောင်မကုန်။image

Kayah | Ecency