ကျန်းမာရေး

Words
152
Reading
1 min
Listen
Play
9y

// ကျန်းမာရေး //

မိုးရွာသီလေးဝင်လာတာနဲ့ လူတွေအကုန်နှာစေးချောင်ဆိုး အအေးမိပြီး တုပ်ကွေးရောဂါတွေ ဖြစ်ကုန်ကြပါပြီ။ တချို့ အိမ်တွေမှာဆို ကလေးတွေရော လူကြီးတွေရော တအိမ်လုံးတယောက်မကျန် တန်းစီဖြစ်ကြပါတယ်။

တုပ်ကွေးဆိုတာ ရောဂါကြီးမဟုတ်ပေမယ့်ဖြစ်တဲ့သူမှာ တပတ်လောက်တော့ ခံရတတ်ပါတယ်။

တချို့ တွေဆိုတော်တော်နဲ့ မပျောက်လို့ ဆေးခန်းတောင်သွားပြရပါတယ်။ တချို့ မှာတော့သက်သာလို့  အဖျားကျသွားတာတောင် ချောင်းဆိုးတာကတော်တော်နှင့် မပျောက်နိုင်ပါဘူး။ တချို့ တွေမှာလည်းတကိုယ်လုံးကိုက်ခဲပြီးကျန်နေခဲ့ပါတယ်။ အစားအသောက်လည်း ပျက်တတ်ပါတယ်။ ဒါကြောင့် တုပ်ကွေး မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ အောက်ပါနည်းတွေအတိုင်း လိုက်နာရင် တုပ်ကွေးအအးမိ ရောဂါ မကူးစက်နိုင်ဖူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

၁။ တုပ်ကွေးဖြစ်နေသူနဲ့ ဝေးဝေးနေပါ။

တုပ်ကွေးရောဂါကကူးစက်မြန်တဲ့ ရောဂါဖြစ်ပါတယ်။

အိမ်မှာတယောက်ဖြစ်တာနဲ့ တအိမ်လုံးကို ကူးစက်နိုင်သလိုလုပ်ငန်းခွင်ကလုပ်ဖော်ကိုင်ဘက်အချင်းချင်းလဲကူးစက်နိုင်ပါတယ်။ ဒါကြောင့်နေမကောင်းဖြစ်သူနဲ့ ဝေးဝေးနေပါ။

ကိုယ်ကနေမကောင်းရင်လည်း တခြားသူတွေမကူးစက်ရအောင်လူတွေအကြားမသွားပါနဲ့၊ ကိုယ့်အိမ်ကကလေးတွေနေမကောင်းရင်လည်းကျောင်းကိုမလွှတ်ပါနဲ့ 

၂။ ချောင်းဆိုးနှာစေးရင် ပါးစပ်နဲ့ နှာခေါင်းကိုအကာအကွယ်ယူပါ။

အအေးမိတုပ်ကွေးပိုးကလေထဲကနေကူးစက်ပျံ့ နှံလွယ်ပါတယ်။

ဒါကြောင့်နှာစေးတဲ့ အခါ ချောင်းဆိုတဲ့ အခါတစ်ရှုးနဲ့ အုပ်ပြီးအကာအကွယ်ယူပါ။ ဒါမှတခြားလူတွေကိုလည်း မကူးစက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၃။ လက်ကိုစင်အောင်ဆေးပါ

ကူးစက်ရောဂါအတော်များများအတွက်ကာကွယ်နည်းကတော့လက်ဆေးတာပါပဲ။ လွယ်ကူသက်သာလွန်းလို့ အထင်တော့မသေးပါနဲ့  လက်ဆေးတာဟာ ရောဂါပိုးအတော်များများကိုကာကွယ်စေပါတယ်။

ကိုယ်တိုင်လဲအပြင်ကပြန်လာတိုင်းလက်ဆေးသင့်သလို ကလေးတွေကိုလည်းဘာလုပ်လုပ်ဆပ်ပြာနဲ့ လက်ဆေးတဲ့ အကျင့်ရအောင်လုပ်ပေးပါ။

လက်ဆေးတဲ့ အခါပြီးပြီးရောမဆေးပါနဲ့ လက်အနှံကိုဆပ်ပြာနဲ့ အသေအချာပွတ်တိုက်ပြီးအသေအချာဆေးပါ။ ဆပ်ပြာနဲ့ ရေအလွယ်တကူမရရင် အရက်ပျံနဲ့ လက်ကိုသန့် စင်ပါ။

၎။ မျက်စေ့ ။ နှာခေါင်း၊ပါးစပ်ကိုကိုင်ခြင်းမှရှောင်ပါ

မသန့် ရှင်းတဲ့ အရာဝထ္ထုတွေကို ထိမိကိုင်မိပြီးရင် အဲဒိလက်တွေနဲ့ မျက်လုံး၊နှာခေါင်း၊ပါးစပ်တွေကို ကိုင်မိတတ်ပါတယ်။

အဲဒိကနေရောဂါတွေကူးစက်တာပါ။ ဒါကြောင့်အလကားနေရင်း မျက်လုံးပွတ်တာ။ နှာခေါင်းပွတ်တာမျိုးတွေကို ရှောင်ပါ။

၅။ ကျန်းမာရေးနဲ့ ညီအောင်နေပါ

ရာသီအပြောင်းအလဲမှာဘာလို့ အအေးမိတုပ်ကွေးရောဂါဖြစ်ရသလဲဆိုရင်ကိုယ်ခံအားနည်းလို့ ပါ။

ကိုယ်ခံအားနည်းသူဟာအအေးမိတာအပြင်ရောဂါမျိုးစုံအလွယ်တကူကူးနိုင်ပါတယ်။

ဒါကြောင့်ဒီလိုနာမကျန်းဖြစ်လွယ်တဲ့ ရာသီမှာကိုယ့်ကိုယ်ကိုယ်သတိထားဂရုစိုက်နိုင်ကာမှ တန်ကာကျပါတယ်။ တနေ့ကိုအိပ်ရေးဝဝရအောင်အိပ်ပါ။

အားရှိတဲ့ အစာကိုကောင်းကောင်းစားပါ။ နွေးနွေးထွေးထွေးနေပါ။

မတော်တဆမိုးမိပါကရေခြောက်အောင်သုတ်ပြီးနွေးနွေးထွေးထွေးနေပါ။

၆။ အအေးမိပြီးတုပ်ကွေးဖြစ်လာပါလျှင်

ရေနဲ့ အရည်များများသောက်ပါ။ အစားကိုဝင်သလောက်စားပါ။ လက်ကိုမကြာခဏဆေးပြီး သန့် ရှင်းအောင်နေပါ။

အပျော့စားအအေးမိပျောက်ဆေးတွေ လိုအပ်လျှင်သောက်ပါ။

ချောင်းဆိုးရင်တော့ဆေးအပြင်းတွေကိုသောက်မယ့်အစား ပျားရည်စစ်စစ်ကို
တခါသောက်လက်ဘက်ရည်ဇွန်းတဇွန်းနဲ့ သုံးခါလောက်သောက်ပေးပါ။

ပျားရည်တော့စစ်ပါစေ။ နောက်တနည်းကတော့ ရေနွေးပူပူကိုပျားရည်တဇွန်း။ သံပုရာသီးတစိတ်ညှစ်ပြီးမကြာခဏသောက်ပေးပါ။

ဒါနဲ့ မှမပျောက်ဘူးဆိုရင်နီးစပ်ရာဆေးခန်းကိုသွားပြပါ။

လင်းလင်း

ကိုးကား - Centers for Disease Control and Prevention
image

ကျန်းမာရေး | Ecency