ငယ်ငယ်က လူကြီးတွေကဆုံးမကြတယ်လေ ...
တစ်ခုခုဆို တရားလွန်မလုပ်ဖို့ ...
အတိုင်းအတာလေးနဲ့ အလုပ်လုပ်ဖို့.
လူငယ်မလား ...
အတွေ့အကြုံရှိတဲ့လူကြီးတွေစကား ...
အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေ နားထောင်ဖို့ရာခက်သားလား ...
နားထောင်သည်ဆိုတိုင် အပြည့်အဝမဟုတ်.
ဖြူစင်တဲ့ကလေးဘဝအရွယ် ...
ကောက်ကျစ်သူတဲ့ တွေ့ဖူးလား ?
ယုတ်မာသူတဲ့ ရှိဖူးလား ?
နောက်ကျောဓါးထိုးခံရတာတဲ့ ကြုံဖူးသလား ?
ဆိုတော့ကာ ...
ချစ်မလား ... အစွမ်းကုန်ချစ် ...
ယုံကြည်မလား ... မိုင်ကုန်ယုံကြည် ...
အသက်ကလေးရလာ ...
ဖြူစင်တဲ့စိတ် တစ်ချို့မှာလည်း အရောင်တွေစွန်းထင်း ...
ဣသာ မစ္ဆိရိယ စိတ်တွေဝင် ...
ပတ်ဝန်းကျင်ဆိုတာ အရောင်ပြောင်း ပန်းချီကားလိုဘဲ.
အစွမ်းကုန်ချစ်ရင်း နှလုံးသားတစ်ခုလုံး ဟက်တက်ကွဲသတဲ့.
မိုင်ကုန်ယုံကြည်ရင်း ဘဝပါပါသွားသတဲ့.
အချစ်ဆိုတာ မာရသွန်ပြေးပွဲလိုဘဲ ...
ဖြေးဖြေးမှန်မှန်ပြေးရသတဲ့ (ကြားဖူးတာ) ...
အစွမ်းကုန်ပြေးချိန်မှာပြေးရတယ် ...
တစ်ချိန်လုံး အစွမ်းကုန်ပြေးရင် လမ်းတဝက်တင် အမောဆို့နိုင်တယ်တဲ့.
အစွမ်းကုန်ချစ်ပြတဲ့အချစ်တွေဟာ ရေရှည်မှာ ကြာကြာမခံတတ်ဘူးတဲ့.
ချစ်တဲ့အခါ အတိုင်းအတာလေး နဲ့ သူ့ကိုလည်းချစ် ...
ကိုယ့်ကိုယ်ကိုလည်း ချစ်ရမှာပေါ့နော်.
မိုင်ကုန်တွေယုံကြည် ...
ချစ်သူ သို့မဟုတ် ဆွေမျိုး သို့မဟုတ် သူငယ်ချင်းတွေ ...
ကိုယ့်အကြောင်းတွေ အိတ်သွန်ဖာမှောက် ရင်ဖွင့် ...
ကိုယ့်ပက်စ်ဝဒ်တွေ ပေး ...
လူ့စိတ်မလား ...
သူ့အတွင်းသဘော ကိုယ်သိတာသေချာသလား ?
ရှေ့မှာတော့ ချိုသာ ...
နောက်ကွယ် ကိုယ့်အကြောင်း ဟုတ်တာရော
မဟုတ်တာရော လျှောက်ဖွ လျှောက်ပြော ကိုယ့်သိက္ခာ အချခံရ ...
ကျောကျမှ ဓါးပြမှန်းသိတဲ့ ...
သိလည်းသိရော ...
အော်ကြတယ် ...
လူယုံ နောက်ကျောဓါးထိုးသွားပြီတဲ့.
ယုံကြည်တဲ့အခါ ...
အကန့်အသတ်လေးထား ...
သူ့အတိုင်းအတာလေးပေါ့.
သူများအကြောင်း ကိုယ့်လာပြောသူဟာ
ကိုယ့်အကြောင်းလည်း သူများပြောမှာ.
သစ္စာဖောက်ခံရလို့ နာကျင်လား ?
ရန်ကိုရန်ချင်း မတုံ့နှင်းတဲ့.
ကံ ကံ၏အကျိုးတွေမို့ ...
သူများရိုင်းတိုင်း ကိုယ်ပါရိုင်းရင် ကိုယ့်အကုသိုလ်မလား.
မပက်သက်ချင်ရင် ကင်း အောင်နေတဲ့.
မစစ်မှန်သူတွေအတွက် တန်ဖိုးရှိတဲ့အချိန်တွေကုန်ရင် နှမြောစရာ ...
မပက်သက်ဘဲကင်းအောင်နေ ...
စိတ်ကောင်းလေးထား ...
ဒီဘဝမှာလည်းကောင်း ...
သံသရာအတွက်လည်းကောင်းတဲ့.
ချစ်တာပေါ့ အတိုင်းအတာလေးနဲ့ ...
ယုံကြည်တာပေါ့ အတိုင်းအတာလေးနဲ့ ...
လူတစ်ယောက်အကြောင်းသိဖို့ နှစ်တွေဆိုတာ ကြာလိုက်တာ.
အိတ်သွန်ဖာမှောက်ဆိုတာ တစ်ချို့နေရာတွေမှာသာကောင်းတာ.
စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့ လူ့စိတ်သဘောတွေမှာ အိတ်သွန်ဖာမှောက်မိလို့ ... ဒုက္ခရောက်ကြသူတွေ ဒု နဲ့ ဒေး.
နောက်ကျော ဓါးထိုးခံရတာ သိပ်နာကျင်စရာကောင်းတာမလား.
နောက်ကျော ဓါးထိုးခံရခြင်းမှကင်းဝေးဖို့ ...
အရာရာကို သတိနဲ့ဆင်ခြင် အတိုင်းအတာလေးတစ်ခုထားရင်းပေါ့.
နောက်ကျောဓါးထိုးခံရပြီလား ?
ချက်ချင်းကျောခိုင်းလိုက်ပါ.
ပြန်လှည့်မကြည့်ကြေး ...
တစ်ခါ ကိုယ့်နောက်ကျောဓါးထိုးဖူးသူဟာ ...
နောက်တစ်ခါထိုးဖို့ ဝန်လေးချင်မှဝန်လေးမယ်.
ခွင့်လွှတ်လိုက်ပြီးရင် ဒီဘဝဒီအမျှသာဆို ကျောခိုင်းပါ.
အားလုံးက သံသရာခရီးသည်တွေလေ.
ရှေ့လျှောက်ရမယ့်ခရီး သူရော ကိုယ်ရော အကုသိုလ်ကင်းဖို့လေ.
နောက်ကျောဓါးထိုးခံရခြင်းမှကင်းဝေး ငြိမ်းချမ်းခြင်းများနဲ့ အေးချမ်းပါစေ.
#မယ်