Reading

Words
59
Reading
1 min
Listen
Play
9y

အားလုံးမင်္ဂလာပါဗျာ....
အသိပညာ အတတ်ပညာဟူသမျှ လေ့လာရဖို့အတွက်
စာပေသည် အလွန်အရေးကြီးလှသည်။ ဘဝအတွက်
အလင်းရောင်ပေးနိုင်သည်မှာလည်း စာပေပင်ဖြစ်သည်။စာများများဖတ်ရပေမည်။
စာဖတ်ခြင်းမှ အလင်းရောင်များထွန်းတောက်နိုင်ပါမည်။
ကဗျာတစ်ပုဒ်နဲ့ တင်ပြပါမည်။
image
"စာဖတ်ခြင်းဖြင့် အလင်းယူ"
နေရောင်လရောင် အလင်းဆောင်၍
လူ့ဘောင်လောက အလင်းရ၏
ကြီးစွတန်ဖိုး သိစေကြ။
အလိမ္မာတွေစာမှာရှိလို့
အသိပညာတိုးပွားလာရေး
ဖြာဖြာသုတ ပြည်စုံကြရေး
ဘဝလူ့ရွာ အလင်းဖြာရေး
စာပေဖတ်မှတ် ပညာတတ်မှ
မြင့်မြတ်လူ့ဘောင် အလင်းဆောင်၍
အမှောင်ဖယ်ခွင်း ကောင်းဆိုးခြင်းကို
ဖြေရှင်းခွဲဝေနိုင်လိမ့်မည်
နေရောင်လရောင် အလင်းဆောင်၍
လူ့ဘောင်လောက အလင်းရလည်း
လောဘ ဒေါသ အဝိဇ္ဇာမှောင်
လင်းမဆောင်နိုင် လူ့ဘောင်လောက
မှန်သမျှကို ပညာ့အလင်း
ဆီမီးထွန်းမှ မှောင်ခြင်းမိုက်ခြင်း
ဖယ်ခွာခွင်းလျက် ကောင်းခြင်းဖြာဖြာ
ကောင်းကိုလာမည်၊ ပညာအလင်း
စာဖတ်ခြင်းဖြင့် ယူကြလေ။
ကိုသိန်းဆွေ(ဆင်ဆွယ်) image

#########################
ဆရာ၏ အတွေးများ အတုယူရပါမည်။
စာဖတ်ကြပါစို့...

Reading | Ecency