လောကနိယာမအတိုင်း လူတေတင်မဟုတ်ဘဲ အပင်လေး
တွေကလဲရှင်သန် နေထိုင်ကြရပါတယ်။ သစ်ပင်လေးတွေ
ဟာ လူတွေလို စကားပြော ဆိုမနေတတ်ကြပေမယ့် သူတို့
လိုအပ်ချက်တွေတော့ ရိှနေတတ်ပါတယ်။ လူတေ ထမင်းစားသလို သူတို့လဲ ရေနဲ့ မြေ ဆီလွှာကို စားသုံးဖို့ လိုအပ်ပါ
တယ်။ သူတို့ တွေမှာလဲ လူလို ဘဲ ရှင်သန် နေထိုင်ဖို့ စားသုံး
စရာ လိုအပ်ပါတယ်။စားသုံးစရာမရိှခဲ့ရင် သူတို့ သစ်ပင်
လေးတွေဟာလဲရှင်သန်နေထိုင်ဖို့မဖြစ်နိုင်ပါဘူး။
လူသားတွေရှင်သန်နေထိုင်ဖို့ လိုသလို သစ်ပင်လေးတွေ
ဟာလဲရှင်သန်နေထိုင်ဖို့လိုပါတယ်။ သစ်ပင်လေးတွေဟာ
လည်း လူတွေကိုအကျိုး ပြုနေကြသလို လူတွေဟာ လဲ သစ်
ပင်လေးတွေကို အကျိုးပြုနေဖို့လို အပ်ပါတယ် ။လူတစ်
ယောက်ရှင်သန်မှူကအရေးပါသလို သစ်ပင်လေး တစ်ပင်
ဆီတိုင်းမှာလဲအရေးပါနေပါတယ် ဘာဖြစ်လို့လဲဆို လူ နဲ့
သစ်ပင်ဆိုတာဟာခွဲခြားလို့မရပါဘူး လူတွေရှင်သန်နေထိုင်
နေကြရသလိုသစ်ပင်လေး တွေလဲ ရှင်သန် နေထိုင်ကြရဖို့
လိုအပ်နေလို့ပါဘဲ။