မနှစ်ကနွေရာသီကတော့ covid19 နဲ့ တိုင်ပါတ်နေခဲ့သေးတယ် ခုနှစ်
နွေကတော့ covid 19 ထက်ဆိုးတဲ့ လူစိတ်ပျောက်နေတဲ့ လူတစ်သိုက်
ရဲ့ဖိနိှမ် နိှပ်စက်ခြင်းကိုခံနေခဲ့ရတယ်။နွေခြင်းမတူပေမဲ့ ခုနွေကပိုဆိုးနေ
ခဲံ့တယ်။ဒီနွေကုန်တာနဲ့ ဒီအဖြစ်ဆိုးတေအကုန်အပြီးတိုင်ပါသွားပါစေလို့
ဘဲဆုတောင်းနေနိုင်တယ် ဒီထက်မပိုခဲ့တော့ဘူး။
မနှစ်ကနွေ စိတ်ပူရပေမယ့်ဒီလောက်ထိတော့မဆိုးခဲ့ဘူးဒီနှစ်ကတော့
အတော်ဆိုးဆိုးနွေ လို့ပြောရမယ်။ ကို့ယ်ဆန္တတွေမပြည့်တာထက် အများ
ဆတ္တမပြည့်ကြဘူးဆိုတာကြည့်ရင်း ပိုရင်နာရတယ်မိသားစု မပြည့်စုံပေ
မဲ့ရိှနေသေးတဲ့သူတွေတွက် 100% စိတ်ပူနေခဲ့ရတယ် မပျော်ပါဘူး နွေ
ရယ် အေးချမ်းချင်ပါတယ်။
ဒီနှစ် နွေဦးမစခင်ထဲကဆိုးလိုက်တဲ့ အဖြစ် ကိုယ်တစ်ယောက်ထဲတင်မ
ဟုတ်ဘဲ အားလုံးနီးပါးခံစားလိုက်ကြရတယ်။ အတော်ဆိုးတယ်လို့ပြော
ရမယ့်အနေထားပါဘဲ။တချို့တေကပျော်နေချိန်မှာ တချို့တေကငိုနေကြ
ရတယ်။ ကိုယ်ခြင်းမစာတတ်တဲ့သူတွေပေါ့ သူတို့မိသားစုမရိှလို့ဖြစ်နိုင်သ
လို လူလိုနားမလည်တာလဲ ဖြစ်နိုင်ပါတယ် ဘာတွက် ဘာ့ကြောင့်ဆိုတာ
တော့ သိသင့်မယ်ထင်ပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံသားတေခုထိ
ဘာမှမတတ်နိုင်သေးပါဘူး အဲ့အတွက် အရမ်းဝမ်းနည်းရပါတယ်။