21 ရာစုသည် လက်မှု့ ပညာ ထက် စက်မှုပညာများ ပိုမိုထွန်း
ကားလျှက် ရှိနေပါသည်။ ထိုအချက် မှာ ကောင်းခြင်း များ
ရှိနေခဲ့ သလို အဆိုးများ လည်းဘဲ ရင်ဆိုင် နေကြရပါတယ်။
စက်မှု့ နည်းပညာ ထွန်းကား လာတာ နှင့် အမျှ သဘာဝ တရား
ကြီး ၏ အရှိကို အရှိတိုင်း ဖြစ်ပျက်နေသော လုပ်ငန်းစဉ်များ
ကို အနှောက်ယှက် ပေးနေသကဲ့ သို့ ရှိနေပါတော့တယ်။ သဘာ
ဝအတိုင်း မတည် ရှိတော့ ခြင်းကြောင့် ရာသီဥတုများ လဲ အ
ရင်နဲ့ မတူတော့ ဘဲ ဖောက်ပြန်လျှက် ရှိရာ နွေ မှာလည်း မိုး
များ အဆမတန်ရွာ သွန်းသလို မိုးတွင်းမှာလဲ နွေရာသီ ကဲ့သို့
မိုးများမရွာသွန်း နိုင်တော့ ဘဲ ရှိနေခဲ့ပါတယ်။ဒီစံနှုန်း ပျက်ကြီး
ကိုလဲ ပြန်လည်ပြုပြင်ဖို့ ကို နည်းပညာ အကူညီဖြင့်သာ ပြန်
လည်ပြောင်း လဲ နိုင်ပါ လိမ့်မည်။ယခုဆိုလျှင် ဆောင်းရာသီ
မှာ ယခင်နှစ်များလောက် မအေးချမ်းတော့ သည် မှာ သိသိ
သာသာထူးခြားလို့ လာနေခဲ့ပါတော့တယ်။ရာသီဥတုကို လူ
သားနည်းပညာ ဖြင့် control လုပ်နိုင်နေပီဖြစ်ပါသော်လည်း
ထုတ်လုပ်မှု့ ကုန်ကျစရိတ် မြင့်မားလွန်း လှသဖြင့်အခြေခံ လူ
တန်းစားများ အဖို့ မှာရာသီဥတု ၏ ဆိုးရွားသော ဖောက်ပြန်
ခြင်းဒဏ်ကို အလူးအလဲ ခံစားနေရတုန်းဘဲဖြစ်ပါတယ်။
ဒီအရာကို ပြောင်းလဲ နိုင်ဖို့ ဆိုတာ နည်းပညာ တစ်ခုထဲနဲ့ မစွမ်း
ဆောင်နိုင်တော့ပါဘူး။လူသား အသိညာဏ် သိပ္ပံ ဘာသာရပ်
တစ်ခု အဖြစ် ပေါင်းစည်း ခြင်း ကို အနိမ့်အမြင့် အလယ်အ
လတ် အောက်ခြေ ဟူ၍ခွဲခြားနေကြသ၍ ကတော့ ယခုပြဿ
နာဟာပြေလည်သွားလိမ့် မည် မဟုတ်ပါ။ယခု၊ြသ်နေသော စစ်ပွဲ
များပင်လျှင် သူပိုင်သည် ငါပိုင်သည် ဟု ခွဲခြားနေကြသ
ဖြင့် တချို့က မခံနိုင်သဖြင့် တုန့်ပြန်သည် တချို့က နဂိုရှိရင်း
စွဲလိုချင်ခြင်း တချို့က တရားမျှတစေလိုခြင်း စသဖြင့် စသဖြင့်..................
5.9.2021
Time Zone=6:30
7:12pm