မလွယ်ကူလှပါ ဘူး လူဖြစ်ရတာဟာ အတော်ကိုမလွယ်ကူတာ
ပါ အဆင်ပြေ လှပါချည် ရဲ့ ဆိုသူတွေ အစစအရာရာ ပြည့်စုံ
ပါတယ် ဆိုတဲ့ လူတွေတောင်မှ စိတ်ညစ်ရခြင်း ဆိုတဲ့ "အခိုက်
အတန့်" လေးကိုတော့ ကြုံတွေ့ခံစားကြရ ဖူးမှာပါ ဒါဟာလဲ
ဖြစ်နေပျက်နေကြ ပုံစံတစ်ခုပါဘဲ တကယ် တော့ ထူးဆန်းလှ
တယ်တော့ မဟုတ်ပါဘူး။လူသား တစ်ယောက်ဖြစ်နေခြင်း
ကြောင့်ပင်လျှင် ကောင်းခြင်း ဆိုးခြင်း ဆိုသည့် အရာ တို့ မှာ
"အခိုက် အတန့်" ဟုဆိုစေ ဦးတော့ ဖြစ်ရိုးဖြစ်စဥ် တစ်ခုပါဘဲ။
ပုံပြင် တစ်ပုဒ် ဆိုတာဟာ တကယ့်အဖြစ်ပျက်ကို အခြေ ခံထား
ခြင်းဘဲ ဖြစ်ပါတယ်။အဲ့ဒီ ပုံပြင် လေးတွေ ဇာတ် လမ်းလေးတွေ
ဟာ မဖြစ် နိုင်ဘူး လို့ ဆိုပေမယ့် ဖြစ်သွားခဲ့ ပြီးသား သို့မဟုတ်
မဖြစ်လာသေး သော ကာလတစ်ခုသာ ပိုင်းခြားပါတယ်။တစ်ဦး
တစ်ယောက်ဟာ အသည်း ကွဲ ဖူးရင် တော်တော် အသဲမာတယ်
ခေါ်မလား နုတယ်ခေါ်မလား မပြောတတ်ပါ မြိုသိပ့်ထားပီးဘာ
မှဖြစ်သလို နေခဲ့ သူတစ်ယောက် မှာတောင် အဆင်မပြေဘူးတဲ့
"အခိုက် အတန့်" ဆိုတဲ့ တဒင်္ဂလေးတော့ ရိှကိုရိှခဲ့ပါလိမ့်မယ်။
အဲ့လို စိတ်ညစ်စိတ်ပျက်စ ရာ "အခိုက် အတန့်" တွေကိုတော့
မှတ်မထားချင်သော်လည်း မည်မျှပင် မေ့မေ့ပျောက်ပျောက်
နေစေကာမူ ခဏတာ ယာယီဖြစ်စေတော့ မသိစိတ်မှာ ဖြစ်စေ
တိုက်ဆိုင်မှု့ ကြုံလာရင်ဖြစ်စေ ပေါ်လာမှာဘဲဖြစ်ပါတယ်။ဒီအ
ရာကို ထိန်းချုပ်နိုင်ဖို့ ဆို တာကျွန်တော် တို့လိုလူ သား တွေ အ
တွက်က တော့ခုထိ မလွယ်ကူသေးပါဘူး။ဒီအပိုင်းနဲ့ပါတ်သတ်
လို့ ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဓါတ်ကျ ပီး သတ်သေ ချင်သူအများ စုကိုတွေ့နေရပါတယ် အထူးသဖြင့်လူငယ်ပိုင်းတွေပါ
ဒီနည်းကိုထိန်း ချုပ်နိုင်မယ့် နည်းလမ်းလေးများ ရိှရင် ကျွန်
တော်လဲလိုချင်နေမိပါတယ်။