အေးချမ်းလှသောရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့လေးတွင် ပျားမွေးမြူရေးကိုလုပ်ကိုင်ကြသည်
သွားရောက်ချင်တဲ့ အကြောင်းရင်းကတော့ ဒီဒေသရဲ့ ပျားမွေးမြူရေးကို လေ့လာဖို့ စိတ်အားထက်သန်နေသည်
ပျားမွေးမြူ ရေးလုပ်ငန်းဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ တစ်နေရာထဲမှာပဲ တွဲဖက်လုပ်ကိုင်နိုင်လေသည် အတော်ကို
အဆင်ပြေသောလုပ်ငန်းတစ်ခု ဖြစ်ပါလေ၏ ပျားမွေး မြူရေး ဆောင်ရွက်ရာမှာ မြေနေရာရှိတဲ့ တောင်သူတေ
ွ ဆောင်ရွက်ကြသလဘဲမြေနေရာမရှိသူများလည်း မြေနေရာ မလိုဘဲ စိုက်ပျိုးသီးနှံများန
့ မနီးမဝေးမှာ မွေးမြူးလို့ရနိုင်သည့်လုပ်ငန်းတစ်ခု ဖြစ်ပါလေ၏ ပျားမွေးမြူခြင်း
ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းကများစွာ အထောက်အကူပြုနေပါလေ၏
ဟုတ်ပါတယ်ပျားမွေးတယ်ဆိုတာ မြေနေရာမလိုတော့ပါလေ သူများ စိုက်ပျိုးတဲ့ သီးနှံတွေရဲ့ မနီးမဝေးမှာ လုပ်ကြပါတယ်။
ပျားမွေးတဲ့အတွက်ကြောင့် စိုက်ပျိုးတဲ့သူကို အင်မတန်အထောက်အကူ ဖြစစေနိုင်ပါသေး၏
အချို့သော ဒုံးဝေးသည့် လူတွေသဘောမပေါက်ကြဘူး ဖြစ်တက်ပါလေ၏ ပျားကြောင့်အပင်တွေ ထိခိုက်တယ်ထင်
နေကြခြင်းဖြစ်လေသည် အတော်ကို အသိပညာနည်းလေသောအတွေးဖြစ်သည်ကို မသိနိုင်ကြသေးပါ
အခုချိန်ထိရှိနေဆဲပါပဲဒီလိုလူတွေကိုပညာပေးသင့်သည် အေးချမ်းတြ့ ရှမ်းပြည် နယ်တောင်ပိုင်းထဲမှာပဲ အဲဒါကို စမ်းသပ်မှု
လေးကြိမ်လောက် လုပ်ခဲ့သည့်သူများလည်းရှိပါလေ၏နောက်ဆုံးရိတ်သိမ်းပြီးတဲ့ အခါကြတော့ ခြံမန်နေဂျာ
တာဝန်ယူတဲ့ပုဂ္ဂိုလ်က အခြားသူများကိုပြန်လည်မျှဝေပေးခဲ့ပါလေသည်။စမ်းသပ်မှုတစ်ခုအရဆိုရင်တော့
ပြောင်းဖူးခင်းနားမှာ ၀တ်မှုံကူးတဲ့ကိစ္စကို ပျားနဲ့ လုပ်လိုက်တဲ့ အတွက်ကြောင့်မလို့ဆယ့်နှစ်ကနေ
ဆယ့်လေးရာခိုင်နှုန်း အထိ အထွက်တိုး လာပါတယ်ဆိုတာကိုတွေ့ရှီရပါတယ် ပျားတွေဟာ ပန်းပွင
့် တစ်ပွင့်ချင်း တစ်ပွင့်ချင်းကို ၀တ်မှုန်ကူးပေးတဲ့ အတွက်ကြောင့် မျိုးအောင်တဲ့နှုန်းဟာ
အများကြီးတက်လာတာဖြစ်ပါလေ၏ဒါတွေကို ခြုံပြောလို့ရှိရင် ပျားမွေးတဲ့အတွက်ကြောင့် စိုက်ပျိုးရေးမှာ
အထွက် နှုန်းသည် သွင်းအားစုမထည့်ပဲနဲ့ ကိုဆယ့်နှစ်ရာခိုင်နှုန်းကနေ ဆယ့်လေးရာခိုင်နှုန်းအထိ
အင်မတန် များပြားတဲ့ တိုးတက်မှုဆိုတာကို လူတွေ သိမြင်လာပြီဖြစ်ပါတယ်
သင်ဟာပျားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်မယ်ဆိုပါလျှင် လိုအပ်တဲ့ပစ္စည်းများမှာ
ပျားများ နေထိုင်ရန် ပျားအိမ်မဖြစ်မနေဆောက်ရမယ်ပျားဖွတ်ရာမှာအသုံးပြုနိုင်မယ့် အင်္ကျီ စတဲ့
အသုံးအဆောင်ပစ္စည်းများဝယ်ရပါမယ်
ပျားမွေးမယ်ဆိုရင် ပျားရဲ့ သူတို့နေထိုင်ဖို့အတွက် အဆောက် အဦးအဖြစ် ပျားအိမ်များလိုတာတော့အရေး
ကြီးဆုံးပါဘဲ ပျားအိမ်ထဲမှာမွေးမြူဖို့အတွက်မျိုးပြားတွေ လိုအပ်ပါသေးတယ် အဲဒီပျားထဲမှာမှ
ပျားတွေဟာဆိုရင် ပျားသုံးမျိုးရှိမှာပါ အဲ့ဒါတွေကတော့ဘုရင်မပါ ပျားထီးလဲရှီပါတယ်လုပ်သားပျားကတော့များတယ်
အရေအတွက်အားဖြင့် ဘုရင်မက တစ်ကောင်တည်းရှိပြီးတော့ ပျားထီးက
ဆယ်ဂဏန်းလောက်ရှိနေတက်ပါလေ၏ လုပ်သားပျားတွေက အမြောက်အမြားရှိမှသာအလုပ်ဖြစ်နိုင်မှာပါဘဲ
တကယ်သာလုပ်သားပျားတွေ အမြောက်အမြားရှိမှသာလျှင် ပျားမွေးမြူရေး က အောင်မြင်နိုင်တယ်လေ
နောက်တစ်ခါ ပျားမွေးမြူရာမှာ ပစ္စည်းတွေနဲ့ ပျားတွေရှိရုံနဲ့ မလုံလောက်ပါဘူး ပျားတွေစားသုံးရန်အတွက်
စိုက်ခင်းတွေအနားမှာရှိနေစေရန်လည်း လိုအပ်ပါတယ် စိုက်ခင်းမရှိပါက စိုက်ခင်းရှိသောနေရာကို
ပျားအုံများ ရွှေ့ပြောင်းယူဆောင်ပြီး စီမံနိုင်ပါတယ် အင်မတန်အဆင်ပြေသော လုပ်ငန်းဖြစ်ပါတယ်
တစ်ပိုင်တစ်နိုင် ပျားမွေးခြင်းနဲ့ စီးပွားဖြစ်မွေးမြူခြင်းများထိပါ လုပ်ဆောင်နိုင်ပါတယ်။
@kpp
photo : google image