ရ​​နေတိုင်း

koyell(35)
Published in
#esteem
Words
48
Reading
1 min
Listen
Play
8y

နားလည်​မှု​တွေရ​နေတိုင်း

ကိုယ်​မှန်​​နေတာမဟုတ်​ဘူး​လေ

တချို့​သော နားလည်​​ပေးမှု​တွေမှာ

သံ​ယောဇဉ်​​တွေ ပွန်းပဲ့​ပါကုန်​တတ်​တယ်​။



အ​လျော့​ပေးမှု​တွေ ရတိုင်း

ကိုယ်​နိုင်​​နေတာ မဟုတ်​ဘူး​လေ

တချို့​သော အ​လျော့​ပေးမှု​တွေမှာ

ဥ​ပေက္ခာပြုခြင်း​တွေ ​ရောယှက်​​နေတတ်​တယ်​။
image
ခွင့်​လွှတ်​ခြင်း​တွေ ရတိုင်း

အဖုအထစ်​​တွေ ​ပျောက်​သွားတာမဟုတ်​ဘူး​လေ

တချို့​သော ခွင့်​လွှတ်​ခြင်း​တွေမှာ စွန့်​လွှတ်​လိုက်​ခြင်း​တွေ

ကပ်​ပါလာတတ်​တယ်​။

image
သည်းခံမှု​တွေ ရ​နေတိုင်း

ကိုယ့်​ လုပ်​ရပ်​​တွေ မှန်​​နေတာမဟုတ်​ဘူး​လေ

တချို့​သော သည်းခံ​ပေးမှု​တွေက

သည်းခံရင်း သည်းခံရင်းနဲ့ စိတ်​ပျက်​မှု​တွေ

လက်​​ဆောင်​ရလာတတ်​တယ်​။



ဘာ​တွေပဲဖြစ်​ဖြစ်​ ဘယ်​အရာဖြစ်​ဖြစ်

အတိုင်းအတာ​ကျော်​လွန်​​အောင်​ အခွင့်​အ​ရေး

မယူတာ အ​ကောင်းဆုံးပါ

လိုတာထက်​ပိုပြီး အခွင့်​အ​ရေးယူမိရင်

ကိုယ့်​ကို တန်​ဖိုးထားမြတ်​နိုးသူကို ဆုံးရှုံးမသွားရတယ်

ထားအုံး သံ​ယောဇဉ်​ကြိုး​တော့

လျော့ရဲ လာတတ်​တာပါပဲ။

ရ​​နေတိုင်း | Ecency