သဘာဝတရား

koyell(35)
Published in
#esteem
Words
77
Reading
1 min
Listen
Play
8y

လူရယ်လို့ ဖြစ်လာရင်…..

သင့်ကို အားကျတဲ့လူ ရှိသလို၊

အမြင်ကပ်တဲ့လူလည်းရှိမယ်။ 

သင့်ကိုမနာလိုတဲ့ လူရှိသလို၊

အထင်သေးတဲ့လူလည်းရှိမယ်။

ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ။



သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်

သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား

လူတိုင်းကို ကျေနပ်အောင်တော့

သင်မစွမ်းဆောင်နိုင်ပါဘူး၊

ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့…

သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။



သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သူများပါးစပါဖျားပေါ်က ”သင်” ဟာ…

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ

သင်အစစ်အမှန် မဟုတ်ပါဘူး။

image

လူဆိုတာ…….

မျက်စိချင်းတူသော်ငြားလည်း၊

အမြင်ချင်း မတူပါဘူး၊

နားပေါက်ချင်းတူသော်ငြားလည်း၊

ကြားပုံချင်းမတူပါဘူး၊



ပါးစပ်ချင်းတူသော်ငြားလည်း၊

ပြောဆိုပုံချင်း မတူပါဘူး၊

ဦးနောက်ချင်းတူသော်ငြားလည်း၊

အယူအဆချင်းမတူနိုင်ပါဘူး၊

image

လူချုင်းတူသော်ငြားလည်း၊

အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊

ဒီအတွက်ကြောင့်….

သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊

နားလည်တဲ့လူနဲ့ တွေ့ဦးမှ…



သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊

ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊

သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ..

သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊

တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ…



နောက်ဆုံးတော့…

သိတာလည်း အားလုံးမပြောနဲ့…

မြင်တာလည်း အားလုံးမယုံနဲ့….

သင်ဘယ်သူ့ကို

ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို

ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့……….။