Success king in trade

koyell(35)
Published in
#esteem
Words
61
Reading
1 min
Listen
Play
8y

ကိုယ့်​ရင်​ထဲက

ခံစားချက်​​တွေကို ဖုံးဖိရင်း

ဘာမှမဖြစ်​သလို အတင်းမှိတ်​ကြိတ်

ပြုံးပြ​နေရတာ ဘယ်​သူသိမှာလဲ.....



ဖြစ်​ချင်​တာ​တွေ​မေ့ပြီး

ဖြစ်​သင့်​တာ​တွေချည်း လုပ်​​နေရင်း

ဘဝရဲ့ အနှစ်​သာရ​တွေ

ပျောက်​ဆုံး" ခြ” စားခံ​နေရတာ

ဘယ်​သူသိမှာလဲ......
image

ကိုယ့်​စိတ်​တိုင်းကျ

လူတစ်​ချို့ကို တုန့်​ပြန်​လိုက်​ချင်​​သော်​လည်း

မဖြစ်​သင့်​တာ မဖြစ်​ရ​အောင်

ဒေါသကို မြိုချပြီး မာန်​မာန​တွေကို

ချခင်း​နေရတာ ဘယ်​သူကသိမှာလဲ......



ကိုယ့်​​စေတနာ​တွေ ​စော်​ကားခံ​နေရ​ပေမယ့်

လူပီသသူ တစ်​​ယောက်​ဖြစ်​​အောင်

မတန်​မှန်းသိသိကြီးနဲ့

စေတနာ​တွေ ဆက်​ထား​နေရတဲ့အချိန်​​တွေ

ရှိခဲ့ဖူးတာ ဘယ်​သူကသိမှာလဲ......



အရမ်းကို ​အေးစက်​တည်​ငြိမ်​သွားသူရဲ့

နောက်​ကွယ်​အတိတ်​​တွေမှာ

ပကာသန​တွေ​အောက်​ ကိုယ့်​ဘဝကို

လှလှပပ အနင်း​ခြေခံ​နေရတာ

ဘယ်​သူကသိမှာလဲ.......
image

လူသားတစ်​ချို့ရဲ့ သမိုင်း​တွေမှာ

မျက်​ရည်​​တွေ ဗရပွနဲ့

ကိုယ့်​သမိုင်းလှပ​အောင်​ မချိတင်​ကဲ

ပြုံးပြ​နေရ​ပြီး ဘယ်​သူမှမသိနိုင်​တဲ့

လျှို့ဝှက်​ချက်​တစ်​ချို့ ရှိ​နေတတ်​ပါတယ်



တစ်​ချို့အရာ​တွေက

ဘယ်​သူမှ မသိဘဲ ကြိတ်​ခံ​နေရင်းနဲ့

ရင့်​ကျက်​တဲ့သူ​တွေ ဖြစ်​လာကြတာ

မငြင်းဆန်​နိုင်​တဲ့ အမှန်​တရားပါပဲ

Success king in trade | Ecency