Smile Baby Smile

koyell(35)
Published in
#esteem
Words
61
Reading
1 min
Listen
Play
8y

လူတစ်ယောက် ပြုံးတယ်ဆိုတာက

ရင်ထဲက ဟန်ဆောင်မှူတွေကို ဖုံးကွယ်ချင်လို့

ဖြစ်နိုင်သလို ဝမ်းသာပျော်ရွှင်ခြင်းကြောင့်လည်း

့ဖြစ်နိုင်တယ်။



တစ်ခါတစ်ခါကျတော့

ကိုယ့်ကြောင့် အခြားသူစိတ်ဆင်းရဲမှာစိုးလို့

အပူမျက်နှာကို အပြုံးမျက်နှာနဲ့ဖုံးကွယ်လိုက်တာဖြစ်နေတတ်တယ်။



တစ်ခါတလေကျတော့လည်း

လူတစ်ယောက်ကို လှလှပပအနိုင်ယူချင်တဲ့အခါ

ရင်ထဲကခံစားချက်တွေကို ဘာမှမဖြစ်ပါဘူးပုံစံမျိုးနဲ့

ပြုံးပြတတ်ကြတယ်။
image

လူတစ်ချို့ကတော့ အပြုံးအရယ်နည်းပေမယ့်

သူ့စိတ်ထဲက အရမ်းပျော်ရွှင်တက်ကြွနေချိန်မှာ

လှိုက်​လှိုက်​လှဲလှဲ ပြုံးတတ်ကြတယ်။



တစ်ခါတလေမှာ

ကိုယ်သိပ်ချစ်ရသူ အကြောင်းတွေးပီး ကြိတ်ပြုံးတတ်ကြသလို

ကိုယ်လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေသုံးသပ်ရင်းလည်း

ပြုံးမိကြပြန်တယ်။
image

တစ်​ခါတစ်​ရံ ကျတော့လည်း

လူတစ်ချို့ရဲ့ အတွင်းစိတ်ကို သိလိုက်ရတဲ့အခါ

သြော်....ဒီလိုပါလားဆိုပီး ပြုံးတတ်ကြပြန်တယ်။



အပြုံးဆိုတာက နိုင်ချင်လို့ပဲပြုံးပြုံး

ဟန်ဆောင်ချင်လို့ပဲ ပြုံးပြုံး

ပြုံးချင်လို့ပဲ ပြုံးပြုံး

လူမှူဆက်ဆံရေးမှာတော့ မဲ့ပြတဲ့သူထက် ပြုံးပြတတ်သူက

ပိုကြည့်ကောင်းတာတော့ အမှန်ပါပဲ။



အပြုံးဆိုတာ ချစ်ခင်ခြင်းရဲ့ သင်္ကေတဖြစ်သလို

ကိုယ့်စိတ်ကို ပြန်လည်အားတင်းခြင်းရဲ့ ခွန်အားပါ

ပေါင်းသင်းဆက်ဆံရေးရဲ့ ပေါင်းကူးတံတားဖြစ်သလို

အလှတရားအတွက် မပါမဖြစ် ပြယုဂ်တစ်ခုပါ။

Smile Baby Smile | Ecency