ဆန္ဒ ဆိုတာ

koyell(35)
Published in
#esteem
Words
82
Reading
1 min
Listen
Play
8y

လူတိုင်းမှာ ဖြစ်ချင်နေတဲ့ ဆန္ဒ တွေရှိနေကြတယ်

တစ်​ခါတစ်​​လေမှာ ကိုယ်က ဖြစ်ချင်ပေမယ့်၊

ဖြစ်အောင် လုပ်ဆောင်နိုင်ပေမယ့် မဖြစ်သင့်သေးဘူးထင်လို့

အောင့်အီးနေရတာတွေ ရှိနေတတ်ပါတယ်။



တစ်​ခါတစ်​​လေ တော့လည်း မလုပ်သင့်ဘူးထင်လို့

ဆန္ဒတွေ ထိမ်းချုပ်ခဲ့ရတာတွေ လူတိုင်းမှာ ရှိနေတတ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ ဆန္ဒ တစ်ခုကြောင့် ကိုယ့်တန်ဖိုး

မကျစေဖို့ အရေးကြီးပါတယ်။

image

တစ်ခါတစ်လေမှာ လူ့စိတ်ဆိုတာ ပြောရခက်ပါတယ်

စိတ်ရဲ့စေရာကို လိုက်ပါရင်းနဲ့ မဖြစ်သင့်တာတွေ ဖြစ်နေကြတယ်

စိတ်နဲ့ ပြစ်မှားမိခဲ့ရင်တောင်မှ လက်တွေ့ မကျူးလွန်မိဖို့ အရေးကြီးပါတယ်။



ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတဲ့ လူ့ဘဝမှာ ဖြစ်နိုင်တာနှင့် ဖြစ်သင့်တာကို

ဦးစားပေးလုပ်ကိုင်ရင်းနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းနေရတာက

လူ့ဘဝပါ။
image

လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ဖြစ်သင့်တာကို

လုပ်ဆောင်နိုင်ပြီး မဖြစ်သင့်တာကို ထိမ်းချုပ်နိုင်စွမ်းပါပဲ။"

လူတစ်ယောက်ကို အရမ်းမုန်းတီးသောကြောင့် သွားသတ်လို့

မဖြစ်နိုင်သလို အရမ်းချစ်လို့ဆိုပြီး ယောက်ျား ၊မိန်းမ အများကြီး ယူလို့

မဖြစ်နိုင်ပါ။



လူတိုင်းမှားတတ်တဲ့ အမှားတွေသည် ချစ်ခြင်း နှင့် မုန်းခြင်းကြားမှာ

တော်တော်များများတည်ရှိနေပြီး မတော်လောဘနှင့် တပ်မက်မှူတွေကြောင့်

မဖြစ်သင့်တဲ့ အမှားတွေ ဖြစ်နေပါတယ်။

ကိုယ့်ဂုဏ်သိက္ခာကို တည်မြဲချင်ရင် မဖြစ်သင့်ဘူးထင်ပါက

ထိန်းချုပ်နိုင်အောင် သတိလေးကပ်ပြီး အသိလေးနဲ့ ထိန်းပါနော်။

ဆန္ဒ ဆိုတာ | Ecency