လူဆိုတာ

koyell(35)
Published in
#esteem
Words
65
Reading
1 min
Listen
Play
9y

လူဆိုတာ

သူများအမှားကို မြင်​​အောင်​ကြည့်​တယ်​ဆိုတာက

ကိုယ့်​မှာ သူ့လို အမှား​တွေဖြစ်​မလာ​အောင်

ပြင်​ဆင်​​နေထိုင်​ဖို့်ပါ



သူများ အားသာချက်​​တွေကို

မြင်​​အောင်​ကြည့်​တယ်​ဆိုတာက

မနာလိုဖြစ်​ပြီး ပြိုင်​ဆိုင်​ဖို့်မဟုတ်​ဘူး​လေ

ကိုယ့်​မှာ သူ့လို အရည်​အချင်း​ကောင်း​တွေ

အမြစ်​တွယ်​​အောင်​ အတုယူဖို့ပါ

image

ကိုယ်​မသိ​သေးတဲ့အရာကို

သိတဲ့သူဆီက သင်​ယူ​လေ့လာခြင်းဆိုတာက

လူပီသသူ​တွေရဲ့ အဂါင်္ရပ်​ပါ



အခြားသူ​တွေဆီမှာ ရှိ​နေတဲ့

အဆိုး​တွေကို ကိုယ့်​မှာ မရှိ​အောင်

အခြားသူ​တွေဆီမှာ ရှိ​နေတဲ့ အားသာချက်​​တွေကို

ကိုယ့်​မှာ ရှိလာ​အောင်​ ကြိုးစားနိုင်​သူ​တွေဟာ

လူ​တော်​လူ​ကောင်းပါပဲ

image

လူသားပီသသူတစ်​​ယောက်​က

အမှားမရှိ​တော့တာ မဟုတ်​ဘူး

ရှိ​နေပြီး ၊ ဖြစ်​ခဲ့ပြီးတဲ့ အမှား​တွေကို

တဖြည်းဖြည်း ပြင်​ဆင်​ရင်း

ကိုယ့်​လို မမှားရ​အောင်​ အခြားသူ​တွေကို

အနာခံ အမုန်းခံပြီး ​စေတနာအပြည့်​ဖြင့်

အကြံ​ပေး​ထောက်​ပြသူပါပဲ



အဲ့ဒီလိုမဟုတ်​ဘဲ

သူ​တောင်​ မှား​သေးတာပဲ

ငါလည်း ဆက်​မှား​နေမယ်​ဆိုရင်​​တော့

ဘယ်​​လောက်​ပညာတတ်​တတ်

ဂုဏ်​ပကာသန​တွေ ဘယ်​လိုပဲချမ်းသာချမ်းသာ

လူသားအမည်​ခံ "လု ”ဖြစ်​လာပြီး

အချိန်​တန်​ရင်​ "လူး”လာပါလိမ့်​မယ်