Give me freedom

koyell(35)
Published in
#esteem
Words
43
Reading
1 min
Listen
Play
8y

မိန်းမတစ်ယောက်က ကလေးဆန်တာ

အပြစ်မဖြစ်ပေမယ့်

ယောက်ျားတစ်ယောက် ကလေးဆန်ရင် အပြစ်ဖြစ်သွားပြီ။



မိန်းကလေးတစ်ယောက် ချစ်လို့ သဝန်တိုတာ

အပြစ်မဖြစ်ပေမယ့် ယောက်ျားတန်မယ့် ​နေရာတကာ

သဝန်တိုရင် အပြစ်ဖြစ်သွားပြီ။
image

မိန်းကလေးသဘာဝ ပွစိပွစိပြောတာ အပြစ်မဖြစ်ပေမယ့်

ယောက်ျားတစ်ယောက် နေရာတကာ ပေါက်ပေါက်ဖောက်တာ

များသွားရင် အပြစ်ဖြစ်သွားပြီ။



မိန်းကလေးတစ်ယောက် မှီခိုတာ

အပြစ်မဖြစ်ပေမယ့် ယောက်ျားတစ်ယောက် အလုပ်မလုပ်ဘဲ

မှီခိုနေရင်တော့ ဂုဏ်​သိက္ခာပါ တစ်စစီဖြစ်သွားပြီ။
image

မိန်းကလေးတစ်ယောက် ငိုနေတာ

ကြည့်ကောင်းပေမယ့် ယောက်ျားတစ်ယောက် ငိုနေရင်တော့

သနားမည့်သူက မရှိသလောက်ဘဲ။



ဘယ်အရာမှာ မဆို သဘာဝအတိုင်းလေးပဲ ကောင်းပါတယ်

သဘာဝထက်ကျော်လွန်သွားရင်တော့ အပြစ်မြင်ကြမှာပါပဲ။

Give me freedom | Ecency