ဒီကနေ့မနက် ဈေးကွက်မှာ ရေနံဈေးဟာ တက်လာခဲ့ပြီး အိုပက်နဲ့ အခြား ရေနံထုတ်လုပ်တဲ့နိုင်ငံတွေက သူတို့ရဲ့ ထုတ်လုပ်မှုလျှော့ချတဲ့အစီအစဉ်ကို ဒီနှစ်အပြင် နောက်နှစ်အထိ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်ပါတယ်။
WTI မှာ ဒီနေ့မနက်အစောပိုင်းက ရေနံဈေးဟာ ၀.၄ ရာခိုင်နှုန်း၊ ၂၄ ဆင့် တက်လာခဲ့ပြီး တစ်စည်ကို ၆၄.၆၂ ဒေါ်လာ ရှိနေပါတယ်။ Brent မှာတော့ ၂၈ ဆင့်၊ ၀.၄ ရာခိုင်နှုန်း တက်လာခဲ့ပြီး ၆၉.၈၁ ဒေါ်လာ ရှိနေပါတယ်။
အိုပက်နဲ့ အခြား ရေနံထုတ်လုပ်တဲ့နိုင်ငံတွေ ၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ ထုတ်လုပ်မှုလျှော့ချတဲ့ အစီအစဉ်ကြောင့် ပြန်လည်ဦးမော့လာတဲ့ ရေနံဈေးဟာ ဒီအစီအစဉ် ၂၀၁၉ ခုနှစ်အထိ ရှိမယ်ဆိုတဲ့သတင်းကြောင့် တက်ဈေလားရာမှာပဲ ရှိနေပါတယ်။