ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေနေ
အဆိုးမြင်တဲ့သူတွေလည်း ရှိနေမှာပဲ။
ကိုယ်ဘယ်လောက်ပဲ ရှိတာအကုန်ချွတ်ပေးပေး
မရောင့်ရဲမကျေနပ်နိုင်ဘဲ ပိုပိုပြီး လိုချင်နေတဲ့သူတွေလည်း ရှိနေမှာပဲ။
ကိုယ်ဘယ်လောက်ပဲ အလျော့ပေးပေး
ဘရိတ်မဖမ်းဘဲ နိုင်လို့ရသမျှ အနိုင်ကျင့်နေတဲ့သူတွေ
လည်း ရှိနေမှာပဲ။
ကိုယ့်ဂုဏ်သိက္ခာနဲ့ အရှက်ကို စတေးပြီး
လူတစ်ယောက်ကို မေတ္တာတွေ အသားကုန်ပေးခဲ့လည်း
တန်ဖိုးမသိဘဲ ကိုယ့်မေတ္တာကို အသုံးချသွားသူတွေ
လည်း ရှိနေမှာပဲ ။
ကိုယ့်ရှေ့ရောက်တော့ ဟန်ဆောင်အပြုံးတွေနဲ့
ကိုယ့်ကွယ်ရာရောက်ရော ကိုယ့်အားနည်းချက်တစ်ချို့ကို ဟားတက်ရယ်မောနေသူတွေနဲ့လည်း
ကြုံရမှာပါပဲ။
ကိုယ်ပေးနိုင်တုန်းတော့ ကျေးဇူးတင်ပြီး
ကိုယ်မပေးနိုင်တဲ့ အခါမျိုးမှာ အံ့သြစရာကောင်းလောက်
အောင် ပြောင်းလဲသွားတဲ့ လူတစ်ချို့နဲ့လည်း
ကြုံရမှာပါပဲ။
လူ့ဘဝဆိုတာ သေသေချာချာတွေးကြည့်ရင်
သိပ်တော့ မထူးဆန်းပါဘူး
လောကကြီးက လူသားတွေကို လမ်းနှစ်သွယ်
ချမှတ်ပေးပြီးသားပါ
ကောင်းတာလုပ်တာလည်း လူပဲ
မကောင်းတာတွေလုပ်နေတာလည်း လူတွေပါပဲ
ပြောချင်တာက လူတွေမို့လို့ မကောင်းမှုမှာ
ပျော်မွေ့နေကြတာပါ