ကဲစားကြပါအုံးလားဗျာ ဒါကတောမြန်မာ့ရိုးရာစားစရာ မုန့်စိန်းပေါင်းလို့ခေါ်ပါတယ် ကျွန်တော်တို့ငယ်ငယ်ကတော့ အတော်ကြိုက်ခဲ့တာဗျ မနက်မိုးလင်းတာနဲ့မုန့်စိန်းပေါင်းဆိုင်ပြေး အနားမှာရှိတဲ့ ဘယာကျော် ဘူးသီးကျော်ဆိုင်က ဘယာကျော်ဝယ် မုန့်စိန်းပေါင်းနဲ့များတွဲစားလိုက်ရရင်သိပ်ကိုအရာသာရှိတာ၊ခုတော့လဲကိုယ့်ဒေသနဲ့ဝေးရာရောက်နေတော့မုန့်စိန်းပေါင်းဆိုင်လဲမတွေ့တော့ ဒီပုံကိုကြည့်ပြီးတော့ဘဲအလွမ်းဖြေနေရတယ်ဗျာ