မလိုင်လုံးပြုလုပ်နည်းလေးပါ
ကျွန်တော် နယ်မြို့တမြို့မှာနေတော့ အလုပ်လုပ်တော့ မလိုင်လုံးလုပ်ရောင်းတဲ့ကုလားတယောက်နဲ့
အခန်ခြင်းကပ်ရက်နေခဲ့ရပါတယ် ။ကျွန်တော်မလိုင်လုံး ကြိုက်ပါတယ် ။ဝယ်မစားဖြစ်ခဲ့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူလက်နဲ့ပယ်ပယ်နယ်နယ်မလိုင်လုံးများကိုနယ်ပြီးသူလုပ်နေတာမြင်နေရတော့ စိတ်ထဲမှာရွံပြီးဝယ်မစးဖြစ်တာပါ တနေ့နေ့တော့ကိုယ်တိုင်လုပ်စားမယ်လို့ဆုံးဖြတ်ထားတာ လုပ်စားဖြစ်ခဲ့ပါတယ် လုပ်နည်းမှာတခြားနည်းလဲရှိမယ်ထင်ပါတယ် အခုနည်းမှာလဲတမျိုးစားကောင်းပါတယ်
ပါဝင်သောပစ္စည်းများမှာ
၁။နွားနို့ 1လီတာ
၂။ရှောက်သီး ၁ခြမ်းစာအရည်အနဲငယ်
၃။သကြားပုဂံလုံး၁လုံးခန့်
လုပ်နည်းက
နွားနို့ကိုဆားအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုပါ ကျိုပြီးနွားနို့ကိုငါးကြင်းဇွန်းတခွက်ခန့်ခပ်ပြီးယူထားပါ
ကျန်တဲ့နွားနို့ထဲကို ရှောက်သီးတခြမ်းညစ်ထည့်လိုက်ပါ နွားနို့ဖတ်များသီးခြားကွဲထွက်လာပါလိမ့်မည်
နွားနိုဖတ်များအား ပိတ်စထဲထည့်ပြီးရေစစ်လိုက်ပါ
ရေစင်အောင်လက်နဲ့နာနာလေးဖိပေးပါ နွားနို့ဖတ်များကဝါးထားတဲ့ပီကေဖတ်မျးနဲဆင်တူပါသည်
မလိုင်ဖတ်နည်းလျှင် အပြင်မှနို့မူံ့အနည်းငယ်စိတ်ကျိုက်ဝယ်ထည့်ပါ နောက်ပြီးဂျုံမူန့်တဇွန်းလောက်ထည့်ပါ အားလုံးကိုရောပြီးလုံးရသည်အထိစိတ်
ကြိုက်နယ်ပါ အားလုံးလုံးရပြီးသိအထိနယ်ပြီးလျှင်
လောက်စားလုံးလုံးသလိုကျစ်ကျစ်ကလေးရအောင်လုံးပါ
နောက်ပြီးဆီအနည်းငယ်ကိုဒယ်ထဲထည်ပြီးကျက်အောင်ချက်ပါ ဆီကျက်ရင်မီးရှော့ပြီး စောစောက
မလိုင်လုံးများကိုထည့်ကြော်ပါ
ဂရုစိုက်ရန်မှာ မလိုင်လုံးမျာတူးသွားတပ်ပါသည်
ထိုနောက်စေစောကခပ်ထားသော နွားနှိှု့နှင့်သကြားအနည်းငယ် ထည့်ပြီးကျိုပါ ပွက်ပွက်ဆူပြီးရင် မီးဖိုပေါ်မှချပြီး မလိုင်လုံးများနဲ့စိမ်ထးထားပါ အရည်များမလိုင်လုံးထဲစိမ့်ဝင်သည်အထိ
မိနစ်၂၀ခန့်စိမ်ထားပါ စိမ်ပြီးရင် အရသာရှိသောမလိုင်လုံးများအသင့်စားသုံးလို့ရပါပြီဗျာ