ကျွန်တော်တို့ငယ်စဉ်က အလွန်ကြိုက်နှစ်သက်သောအညာသွားရည်စာဖြစ်ပါသည် တချို့အရပ်တွင်ထန်းပင်ပေါက်ခေါ်ပြီး၊ တချို့အရပ်တွင်ထန်းမြစ်ဟုခေါ်ပါသည်
ထန်းသီးများမိုးတွင်းမှည့်ချိန်တွင် အသားများကို နွားစာအဖြစ်သုံးပြု ပြီး ပိုသောအစေ့များအား သဲဆန်သောနေရာမျာတွင်မြေမြုတ်၍ အပင်ကိုပျိုးကြပါသည် ယခုလိုအချိန်တွင်မြေကြီးထဲမှပြန်တူးပေါ်ပြီး
မီးနဲ့မျိုက်၍သွားရည်စာအဖြစ်စားသုံးရပါသည်