အညာနဲ့တ​ပေါင်းလအခါမုန့်​(၁)

Words
87
Reading
1 min
Listen
Play
9y

အညာနဲ့ တ​ပေါင်းလအခါမုန့်​ (၁)
= = = =
မကြာခင်​ကျ​နော်​တို့အညာ​ဒေသမှာ
တ​ပေါင်းလအခါမုန့်​များ​ကြော်​ကြ​တော့မှာပါ၊
ကျ​နော်​တို့ငယ်​ငယ်​က တ​ပေါင်းလအခါမုန့်
ကြော်​တဲ့အချိန်​မှာဆို အလွန်​​ပျော်​စရ​ကောင်းပါတယ်​ ။ ရွာရဲ့အပြင်​ဖက်​ သစ်​ပင်​ကြီးကြီး​အောင်​မှာ
ရိုင်​ပတ်​ကြီးကာလို့ ဝိုင်းဖွဲ့၍​အခါမုန့်​များကို​ကြော်​ကြပါတယ်​၊
မုံ့​ကျော်​ရင်းစကြ​နောက်​ကျ နဲ့အလွန်​​ပျော်​စရာ​ကောင်းပါတယ်​။
တ​ပေါင်းလအခါမုန့်​ပြုလုပ်​၍ပုန်းမကြည်​နတ်​တင်​တဲ့ရက်​မှာ တရွာနဲတရွာ၊ တ​ဒေသနဲ့တ​ဒေသမတူကြပါဘူး၊ ကျွန်​​တော်​တို့ရွာမှာ​တော့ တ​ပေါင်းလဆန်း၁ရက်​ ၂ရက်​​နေ့များတွင်​ပြုလုပ်​ပါတယ်​။ အခါမုန့်​များမှာ ဆန်​ကိုအ​ခြေခံ​သော မုန့်​ဆီ​ကျော်​ ကိုအများဆုံးပြုလုပ်​ပါတယ်​၊
တခြားမုန့်​ဖြူ ၊မုန့်​နီ၊မုန့်​လက်​​ကောက်​အစရှိသည်​တို့လဲပါ ဝင်​ပါတယ်​။ ​နောက်​ပြီးအညာ​ဒေသထွက်​ပဲကြီးနှပ်​ နဲ့ထမင်းဖြူ ၊ ကွမ်း၊လ္ဘက်​အစရှိသည်​တို့ပါဝင်​ပါတယ်​၊ လူကြီးသူမ​တွေက​တော့ တ​ပေါင်းလအခါမုန့်​လုပ်​ပြီးပုန်းမကြည်​နတ်​ကို ပူ​ဇော်​ပသခြင်း
သည်​ မိမိစိုက်​ပျိုးထား​သော​ကောက်​ပဲသီးနှံ
အထွက်​တိုး​စေပါတယ်​တဲ့​၊နောက်​ပြီး ရိပ်​သိမ်းပြီး​ကောက်​ပဲသီးနှံများကိုလဲ တိုးပွား​စေတယ်​လို့ဆိုပါတယ်​။
ဒီ အခါမုံ့​ကျော်​ပြီးပုန်းမကြည်​နတ်​ ပူ​ဇော်​ပသတဲ့ဓ​လေ့ဟာ
ဘုရားရှင်​လက်​ထက်​ကတည်းက ပြုလုပ်​ခဲ့တယ်​လို့သိရပါတယ်​ ။
ဘုရားရှင်​လက်​ထက်​မတိုင်​ခင်​က ရွာတရွာမှာ လင်​မယားနှစ်​​ယောက်​​နေထိုင်​ပါတယ်​တဲ့၊
ဒီလင်​မယားနှစ်​​ယောက်​မှာ မိန်းမက က​လေးမ​မွေး​သောအမြုံမဖြစ်​​နေပါတယ်​တဲ့၊
မိန်းမဖြစ်​သူက သူ​ယောင်္ကျားအတွက်​မျိုးဆက်​ က​လေးကို​မွေးမ​ပေးနိုင်​သဖြင့်​ သူ​ယောင်္ကျားကို ​နောက်​မိန်းမတ​ယောက်​ယူခွင့်​ပြုလိုက်​ပါတယ်​တဲ့၊ မယားကြီးမယားငယ်​ညီအမအရင်းကဲ့သို့ချစ်​ခင်​စွာ​နေထိုင်​လာပြီး မယာငယ်​မှာကိုယ်​ဝန်​ရှိလာပါတယ်​တဲ့ ၊ဒီအခါမယားကြီးကမနာလိုဖြစ်​လာခဲ့ပါတယ်​၊
ဒါ့​ကြောင့်​ကိုယ်​ဝန်​ကိုပြက်​ကျ​အောင်​ ​ဆေးများကိုလိမ်​ညာပြီးတိုက်​ပါတယ်​တဲ့၊ပထမကိုယ်​ဝန်​ပျက်​လိုက်​၊ ​နောက်​ဒုတိယကိုယ်​ဝန်​လဲအဲလိုဘဲအဖြက်​ခံရပါတယ်​တဲ့၊ အကြိမ်​ကြိမ်​ခံရပြီး​နောက်​ဆုံးအခါမှာကိုယ်​ဝန်​ကြီးနဲ့မယာငယ်​က​သေဆုံးသွားပါတယ်​တဲ့၊
မယာငယ်​ကမ​သေခင်​က ​နောက်​ဘဝဆက်​တိုင်းဆက်​တိုင်း မယားကြီး​မွေးတဲ့က​လေးကိုသတ်​စားရပါလို၏ လို့သစ္စာဆိုလိုက်​ပါတယ်​တဲ့၊ ​နောက်​ဘဝကြ​တော့အိမ်​တအိမ်​မှာ မယားငယ်​က​ကြောင်​ဘဝ​ရောက်​ပြီး မယားကြီးကကြက်​ဘဝသွားဖြစ်​ပါတယ်​တဲ့၊
ကြက်​မကြီးက​မွေးလာတဲ့က​လေးမှန်​သမျ
မယားငယ်​​ကြောင်​မကအမြဲတန်းကိုက်​သတ်​စားပါတယ်​တဲ့၊ ကြက်​မကြီးက​နောက်​ဘဝဆက်​တိုင်းဆက်​တိုင်း​ကြောင်​မကြီး​မွေးတဲ့က​လေးမှန်​သမျှ ကိုကိုက်​စားရပါလို၏လို့သစ္စာဆိုပြန်​ပါသတဲ့၊ ဒီလိုနဲ့တပြန်​တလှန်​သစ္စာဆိုလာပြီး တ​ယောက်​သားသမီးတ​ယောက်​သတ်​စားလာခဲ့တာဘဝများစွာဖြတ်​သန်းလာခဲ့ပါတယ်​ တဲ့
ဆက်​လက်​ပြီးအပိုင်း(၂​) ​ရေးသားပါအုံးမည်​ ​စောင့်​​မျော်​​ပေးကြပါခင်​ဗျာ

FB_IMG_1515081437111.jpg

FB_IMG_1515081706937.jpg

FB_IMG_1515081394395.jpg

အညာနဲ့တ​ပေါင်းလအခါမုန့်​(၁) | Ecency