အညာနဲ့ တ​ပေါင်းအခါမုန့်​ (၂)

Words
100
Reading
1 min
Listen
Play
9y

အညာနဲ့ တ​ပေါင်းအခါမုန့်​ (၂)

ဒီလိုဘဝများစွာဖြတ်​သန်းအပြီး ​နောက်​ဆုံး မြတ်​စွာဘုရားသီးတင်းသုံးရာ
ဇေတဝန်​​ကျောင်း​တော်​အနီးမှာ မယားငယ်
ကလူပြန်​ဖြစ်​ပြီး မယားကြီးကဘီးလူးမပြန်​ဖြစ်​လာပါသတဲ့ ၊
မယားငယ်​​မွေးတဲ့က​လေးကို ဘီလူးမက
လူ​ရောင်​ဖန်​ဆင်းပြီးသီတင်း​မေးသလိုလိုနဲ့
က​လေးကိုဘီးလူမကကိုက်​စားသွားပြန်​ပါသတ၊ဲ့ ဒီလိုနဲ့ခနခန ဘီးလူးမစားပါများ​တော့
နောက်​ဆုံးက​လေးကိုအထူးဂရုစိုက်​ပါသတဲ့ ၊
ဒါ​ပေမဲ့ဘီလူးမက လူ​ရောင်​ဖန်​ဆင်းပြီးမယားငယ်​ဆီလာတဲ့အခါ မယားငယ်​က မြတ်​စွာဘုး​ရားသီတင်းသုံးရာ ​ကျောင်းကိုက​လေးကို​ပွေ့ချီပြီး​ပြေးပါသတဲ့ ၊
ဘီလူးမကလဲ ​နောက်​က​နေပြီးက​လေး​နောက်​ကိုလိုက်​ပါသတဲ့၊မယားငယ်​က ဘုရားရှင်​ထံ ဘီလူးမက
က​လေးကိုလိုက်​ပြီးကိုက်​စား​နေပါတယ်​ တ
ပည့်​​တော်​မကိုကယ်​ပါအုံးဘုရားဆိုပြီးမြတ်​စွာဘုရားကို​လျှောက်​တင်​ပါသတဲ့၊မြတ်​စွာဘုရားကလဲ မယားငယ်​နဲ့ မယားကြီးဘီလူးမတို့ရဲ့​ရှေးဘဝအ​ကြောင်း​တွေကို ​ဟောပြ​ပေးပါသတဲ့၊ ​နောက်​ပြီးရန်​ကိုရန်​ခြင်​မတုန်​နှင်းကြဘို့ ဒီလိုသာပြန်​လည်​ရန်​ညိုးထား​နေရင်​ ဘဝသံသယာမှာ မလွတ်​နိုင်​တဲ့အ​ကြောင်း
မြတ်​စွာဘုရားမှ နှစ်​​ယောက်​စလုံးကိုတရား​ရေ​အေးတိုက်​​ကြွေးလိုက်​ပါသတဲ့၊ မြတ်​စွာဘုရားကဘီလူးမရဲ့စိတ်​ထဲတန်​ခိုး​တော်​နဲ့ဝင်​ကြည့်​လိုက်​​တော့ဘီးလူမကသံ​ဝေဂ​တွေရသွားပြီဆိုတာသိလိုက်​​တော့ က​လေးမ သင့်​ရဲ့က​လေးကို ဘီလူးမလက်​ထဲ​ပေးလိုက်​ပါဆို​တော့ ​ကောင်​မ​လေးကမ​ပေးရဲ​ပေးရဲနဲ့​ပေးလိုက်​တဲ့အခါ ဘီလူးမက က​လေးကိုစိုက်​ကြည့်​ပြီး အရင်​တုန်းက ကျွန်​မစား​နေကြကို အခုမစားရဘူးဆို​တော့ကျွန်​မ ဘာကိုစားရမလဲလို့မျက်​ရည်​ဝဲရင်းနဲ့ ညည်းမိပါသတဲ့၊ ဒါကိုမြတ်​စွာဘုရားသိသွား​တော့ ဘီလူးမစားဘို့​သောက်​ဖို့ကိုမယားငယ်​ကိုတာဝန်​ယူ​စေပါသတဲ့၊ ဒါနဲ့ဘဲမယားငယ်​​ကောင်​မ​လေးကတနှစ်​တခါ တ​ပေါင်းလ​ရောက်​တဲ့အခါတိုင်းအခါမူန့်​ မုန့်​နီ၊ မုန်​ဖြူများနဲ့ လ္ဘက်​၊ကွမ်းစသည်​တို့နဲ့တင်​ပါ​မြှောက်​ပါသတဲ့၊ ဒီလိုနဲ့နှစ်​တိုင်းတင်​ပါ​မြှောက်​ပါများလာ​တော့
တဦး​မေတ္တာ တဦး​စေတနာသိလာပြီး တင်​ပြီး​မြှောက်​ပြီးတဲ့အခါ ဘီလူးမ က ဒီ နှစ်​မိုးဦး​ကောင်းမယ်​ ဘာသီးနှံစိုက်​ ဒီနှစ်​ မိုးလယ်​​ကောင်းမယ်​ ဘာသီးနံစိုက်​စသည်​ဖြင့်​ မိုး​လေဝသ​တွေ​ဟောပြီး သီးနှံ​တွေစိုက်​ဘို့ညွှန်​ကြားပါသတဲ့ ။
ဒီလိုနှင့်​သူတို့မှာ သူများထက်​ပိုပြီး​ကောက်​ပဲသီးနှံအထွက်​တိုးလို့စီးပွား​ရေး​တွေ​တိုးတက်​လာပါတယ်​တဲ့၊
ဒါကိုသူများ​တွေရိပ်​မိပြီး သူများတွေက​မေးကြ​တော့ ဒီလိုဘဲ ဘီလူးမကို တနှစ်​တကြိမ်​တင်​​မြှောက်​တဲ့အ​ကြောင်းအလုံးစုံကို​ပြောပြပါသတဲ့၊ ရွားသား​တွေလဲ သူ့တို့လို
တနှစ်​တကြိမ်​လိုက်​ပြီးတင်​​မြှောက်​တဲ့အခါ တရွာလုံးသီးနှံ​တွေအထွက်​တိုးပြီး စီးပွား​ရေး​တွေ​တိုးတက်​လာပါတယ်​တဲ့ ၊
ဒါ​တော့ တနှစ်​တခါ အညာမှာအခါမုန့်​​ကြော်​ပြီးပုန်​မကြည့်​နတ်​တင်​ကြတဲ့ဓ​လေ့ဖြစ်​​ပေါ်လာပုံ​လေးပါ ။
ကျွန်​​တော်​စာဖတ်​သူညည်း​ငွေ့မှာစိုးသဖြင့်
စာကိုအတပ်​နိုင်​ဆုံး ချုံ၍​ရေးသာထားပါတယ်​ခင်​ဗျာ မပြည့်​မစုံဖြစ်​သွာခြင်းကိုခွင်​လွှတ်​​ပေးကြပါ လို့​ပြောကြားရင်း အားလုံးကို​ကျေးဇူးတင်​ပါတယ်
shine shine

DQmbvSngqB4NMeWM8kzJx2vQozxwDbPfn4Dxv2w172BhD34.jpeg

DQmd7JzTYteir7e4yCAFj7Tm5KUWQbGXXWPcTENbox2ER9P_1680x8400.jpeg

DQmdFpzJv862YUV2LCrN6op1G29EnVT5dXjw2aQNnQLofbN.jpeg

အညာနဲ့ တ​ပေါင်းအခါမုန့်​ (၂) | Ecency