တစ်ခါတလေမှာ ကိုယ်ကစေတနာဖြင့် ပြောမိသောစကားတွေရှိတတ်ပါသည်။ကိုယ်ကသာစေတနာဖြင့်
ပြောဆိုခဲ့မိပေမဲ့ တစ်ဖက်လူက ကိုယ့်စေတနာကို တစ်မျိုးတွေးပြီး
သဘောထားတွေ မတိုက်ဆိုင်တော့သည့် ဖြစ်ရပ်မျိုးဖြစ်တတ်ပါသည်။
ကိုယ်နေထိုင်ရာပတ်ဝန်းကျင် ကိုယ်ခင်မင်နေရသော သူငယ်ချင်းတွေထဲမှာ အားလုံးကအပြစ်ကင်းနေသူချည်းချည်းရယ်တော့မဟုတ်နိုင်ပါဘူး။သူမှာလည်းအားနည်းချက်တွေရှိနိုင်သလို အားသာချက်တွေလည်းရှိနိုင်တွေ့နိုင်ပါတယ်။
ကိုယ့်အပေါ်ကောင်းသူတွေပဲ ရွေး၍ခင်မင်မည်ဆိုပါက လောကမှာ အပေါင်းအသင်းအလွန်နည်းနေမှာပါ။
မကောင်းတာလေးတွေပြင်ပေးရင်း ကောင်းနိုးရာရာလေးတွေ မျှဝေးပေးရင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ ခင်မင်နေကြတယ်ဆိုရင် မွန်မြတ်ဖြူစင်လှပါပြီ။
ကိုယ့်အသိ ကိုယ့်သူငယ်ချင်းကို ကိုယ်သာလျှင် စိတ်ကောက်၍
ဆိုးချင်ဆိုးနေတတ်မည်။သူတစ်ပါးက ကိုယ့်အသိ ကိုယ့်သူငယ်ချင်းကို ဝေဖန်အပြစ်မြင်လာပါက ကြားမှနေ၍ မဟုတ်ရပါကြောင်းရှင်းပြနေတတ်သည်။တစ်ဖက်မှလည်း
မိမိသူငယ်ချင်းအပေါ် ကောင်းစေချင်သောစေတနာဖြင့် ပြုပြင်ပြောဆိုမိတတ်သည်။
ထိုအခါမျိုးမှာ တစ်ဖက်က အတွေးတစ်မျိုးပေါက်၍ ကိုယ့်စေတနာကနေ ဝေဒနာတွေဖြစ် ကိုယ့်အကောင်းမမြင်နိုင်တော့ အပြစ်တွေတင်သွားပြီး။
အချိန်တွေကြာလာတော့ တစ်ယောက်နှင့်တစ်ယောက် သဘောထားတွေမတိုက်ဆိုင် အဆင်မပြေတွေဖြစ် ကြားကနေ
တစ်ချို့က ကူညီပေးသူတွေရှိသလို တစ်ချို့ကတော့ အဆင်မပြေလေ ပိုကောင်းလေဆိုသူတွေကလည်းရှိနေတတ်သည်။
ထို့ကြောင့်
တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေနှင့်သာ
တည်ဆောက်ခဲ့မယ်ဆိုရင်
တစ်ယောက်ပြောစကားကိုတစ်ယောက်ကသာ
လေးစားလိုက်နာတတ်ခဲ့မယ်ဆိုရင်
တစ်ယောက်ကိုတစ်ယောက် အပြစ်တွေမမြင်အမုန်းတွေသာ
မပွားများနေခဲ့ဘူးဆိုရင်
တစ်ယောက်ကပေးသောမေတ္တာစေတနာကိုတစ်ယောက်ကသာ
လက်ခံနားလည်ယုံကြည်ခဲ့မယ်ဆိုရင်
တစ်ယောက်နှင့်တစ်ယောက်မာနတွေသာ
ခဝါချ၍အတ္တစိတ်တွေမထားခဲ့ဘူးဆိုရင်
အရင်တစ်ချိန်ကခင်မင်မှုမျိုးကို ဘာဖြစ်နေနေပြန်ရှိကြမှာပါ။
အနေဝေး၍သွေးအေးကြတာထက်
အနေနီးပြီးခပ်စိမ်းစိမ်းနေသွားကြတာကလည်း
ခင်မင်မှုတွေရပ်တန့်သွားစေနိုင်တဲ့ပုံရိပ်တွေပါ
ရှင်သန်နေသောသစ်ပင်ဆိုတာ ရေဓာတ်မခန်းခြောက်၍ပါ
ထိုကဲ့သို့ခင်မင်နေသောသံယောဇဉ်ဆိုတာကလည်း
မေတ္တာစေတနာဓာတ်မခန်းခြောက်သေး၍ပါပဲ။