တစ်နေ့မှာ အဘိုးအိုလင်မယား ကတောက်ကဆဖြစ်တယ်။
ပြီးတော့ နှစ်ယောက်သားစိတ်ကောက်ပြီး စကားမပြောကြဘူးပေါ့။
(မှတ်ချက်.. စိတ်ကောက်ခြင်းမှာ အသက်အရွယ်အပိုင်းအခြားမရှိ)....
တစ်ရက်နဲ့လည်း မပြီး..
အဘွားအိုက ရက်ဆက်စိတ်ကောက်ပြီး စကားမပြောဘဲနေတော့ အိမ်လေးက ခြောက်သွေ့ လွန်း လာတယ်....
အဘိုးအိုက အဘွားအို သူ့ကိုစကား မပြော
တော့ မနေတတ်မထိုင်တတ်ဖြစ်လာတယ်...နဂိုက စကားပြောနေတာတောင်
အဘိုးကြီးအဘွားကြီး လင်မယား ဘယ်
လောက် ငြီးငွေ့စရာ ဘဝ လည်းတွေးကြည့်ပေါ့...
"အင်း ..သူစကားပြန်ပြောအောင် တစ်ခုခုတော့ လုပ်ရတော့မယ်" ပေါ့။
အဲ့လိုနဲ့ အဘိုးအိုက အိမ်မှာရှိတဲ့ ဘီရို၊ အဝတ်အထည်တွေကို
ဟိုလျှောက်လှန်၊ ဒီလျှောက်လှန်၊ ပစ္စည်းတွေ ဟိုဖွဒီဖွလုပ်နေတယ်....
ပထမတော့ အဘွားကြီးက မသိချင်ယောင်
ဆောင်နေသေးတယ်...
ဒါပေမဲ့ အချိန်တော်တော်ကြာအောင် အဘိုး ကြီး က ပစ္စည်းတွေ ဗြောင်းဆန်အောင် ဖွနေတော့ မနေနိုင်တော့ဘူး...
အဘွားအိုကမေးတယ်။
"ရှင် ဘာရှာနေတာတုန်း"
အဘိုးအိုက ဒီတော့မှပြုံးလိုက်ပြီး" အိုး.. ကျေးဇူးတင်လိုက်တာ..ပြန်တွေ့ပြီ..
နင့်အသံပျောက်လို့လိုက်ရှာနေတာ...
နင့်အသံကို ငါပြန်ရှာတွေ့လိုက်ပြီ" လို့ပြောတယ်။
စိတ်ကောက်လည်း ကောက်ပေါ့နော်..
အသံတော့ မပျောက်စေနဲ့ပေါ့ ...
လူလူချင်းကြားမှာ နားလည်မှုလွဲရင်
အသံတိတ်နဲ့ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စတွေလည်းရှိတယ်။
ကောင်းမွန်တဲ့၊ ကျိုးကြောင်းဆက်စပ်မှုရှိတဲ့
အချင်းချင်း ပြောဆိုဆက်ဆံခြင်းက
အဲ့ဒီ နားမလည်မှုတွေကို ပြေလည်စေပါတယ်။