မေတ္တာဆိုတာ ပုံစံမျိုးစုံရှိနေတယ်ဆိုရင် ဘာကိုမှ ချည်နှောင်ထားခြင်း
်မရှိတဲ့ မေတ္တာတရားက ပုံမှန်ဘဝများကို နီးစပ်စေပါတယ်။ချစ်ခြင်းမှာ
ပူလောင်တပ်မက်ခြင်းမပါတဲ့ မေတ္တာတရားနဲ့ ယှဉ်တဲ့ ချစ်ခြင်းက
စိတ်ထဲမှာကောင်းတဲ့ ခံစားမူလေးတွေကို ဖြစ်စေပါတယ်။
လူစိတ်ကအံ့သြဆန်းကြယ်ပါတယ် ချစ်တဲ့သူ ကိုမြင်ရရင် ပျော်တယ် စိတ်ချမ်းသာတယ်။မုန်းတဲ့သူကို မြင်ရရင် စိတ်ဆိုးတယ် ဒေါသထွက်
တယ် စိတ်မပျော်ရွှင်ဘူး။ဒါဟာ ကောင်းတဲ့အချက်ကို မကြည့်မိတာ
ရဲ့ အဓိက အကြောင်းပါပဲ။ဒါလေးကို ကျွန်မတို့ကသာ မေတ္တာနဲ့
ယှဉ်ကြည့်လိုက်ရင် အဲဒီစိတ်တွေက လွှဲဖယ်ပြီး သူ ငါ ဆိုတဲ့
အကြောင်းပြချက်မပါပဲ ကြည့်လာနိုင်တယ်။
တကယ်မေတ္တာအစစ်အမှန်နဲ့ ချစ်ရင် ကိုယ်ချစ်တဲ့သူကို
စိတ်ချမ်းသာစေချင်တယ် ၊ဘာကိုဖြစ်ဖြစ် ကောင်းစေချင်တယ်၊
စစ်မှန်တဲ့မေတ္တာဟာ သူဟာသူ ပြန်ပြီးတော့ ဖြည့်သွားနေတယ်။မေ
တ္တအစစ်အမှန်ဟာ ကုန်သွားတယ်လို့ မရှိပါဘူး။
မေတ္တာတွေ ပေးလိုက်ရလို့ မေတ္တာကုန်သွားပြီဆိုတာမရှိပါဘူး။
ဘယ်လောက်ပေးရပေးရ မကုန်သွားပါဘူး။ပြည့်နေတဲ့အိုးကို ရေထပ်ပြီး ဖြည့်ရင်လျှံကျတဲ့ သဘောပါပဲ။ ပိုပြီးတော့များလာလေလေ ချစ်တဲ့သူကို စိတ်ချမ်းသာမှုပေးနိုင်လေပါပဲ။
သူအပေါ်ဘာဆိုတဲ့ မျှော်လင့်ချက် မပါတဲ့
တကယ်စစ်မှန်တဲ့မေတ္တာဟာ သူဘက်က တုံ့ပြန်မှု မရှိပဲလဲ ဆက်လက်ပြီး ရှိနေအုံးမှာပါပဲ။စိတ်ကွက်ပြီး ကိုယ်မေတ္တာကို ရုပ်သိမ်း လိုက်မယ်ဆိုရင် ဒါဟာ နဂိုထဲက မစစ်မှန်ခဲ့လို့ပါ။မေတ္တာကို ပြန်ယူလို့
မရပါဘူး ပြန်ရုပ်သိမ်းလို့လဲမရပါဘူး။တယောက်ယောက်ကို တကယ်
ချစ်ရိုးမှန်ရင် အမြဲတမ်း ချစ်တာပါပဲ။ဆိုးနေလဲ ချစ်နေအုံးမှာပဲ။တကယ်
လို့ စိတ်ကွက်လို့ ပြန်ယူလိုက်ရငါ ဒါဟာမေတ္တာအစစ်မှန်မဟုတ်ပါဘူး
တကယ်စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်
သားအတွက် အကောင်းဆုံးဆိုတာကို လိုလားတယ်။စစ်မှန်တဲ့မေတ္တာ
ဟာ တစ်ဖက်သားက လိုလိုချင်ချင် မပေးပဲနဲ့ ဘာမှ မယူဘူး။စစ်မှန်တဲ့
မေတ္တာဟာ သူဘက်က တုံ့ပြန်မှု မရှိလဲပဲ ဆက်လက်ပြီး ရှိနေမှာပါ။
တကယ်စစ်မှန်တဲ့မေတ္တာမှာ အကြောင်းပြ
ချက် တောင်းဆိုချက် မရှိဘူး။ကိုယ်က သူကို ချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင်လုပ်ပြီးတော့ သူဆီက တစ်စုံတစ်ခုပြန်ရဖို့အရေးကို လုံးဝ မျှော်လင့်ချကိမထားပါဘူး။
တကယ်ချစ်ခင်ရင် မေတ္တာနှောင်ကြိုး
မပဲါ့ သူကို အဆက်မပြတ်တဲ့မေတ္တာတွေပေးပြီး စိတ်ချမ်းသာမှုပေး
နိုင်လာတယ်။ကိုယ်က သူကို ချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင်လုပ်
ပြီးတော့ သူဆီက တစ်စုံတစ်ခုပြန်ရဖို့အရေးကို လုံးဝ မျှော်လင့်ချက်မ
ထားပါဘူး။စိတ်ချမိးသာဖို့အတွက်သာ ရည်စူးတဲ့နှောင်ကြိုးမဲ့တဲ့ မေတ္တာတရားနဲ့ ချစ်ခြင်းတရားကို ပေးခဲ့တာမို့ သူကော ကိုယ်ကော
ပျော်ရွှင်စေဖို့ စိတ်ချမ်းသာစေဖို့ပါပဲ။
ဝန်ခံချက် #ဆရာတော်ဦးဇောတိက မေတ္တာတရား လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူစာအုပ်အား ကျမအတွေးနဲ့ဖော်ပြသည်။