အကယ်၍သာ ~~~~~~~~~~~~

koshine(42)
Published in
#esteem
Words
84
Reading
1 min
9y
Listen to this post
~1 min

image
ဘဝမှာ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်တိုင်နာကျင်
နေရပြီဆိုရင် သူ့ကိုစွန့်လွှတ်ဖို့ လုံးဝတွေဝေမနေပါနဲ့
တစ်ချို့သောစွန့်လွှတ်မှုတွေက ခဏတာထိခိုက်ပေမယ့်
တစ်ဘဝလုံးစာ ကိုယ့်အတွက် သောကတွေ
ကင်းစေမှာပါ။

ဘဝမှာ တစ်စုံတစ်ယောက်ကြောင့် ကိုယ်မျက်ရည်တွေ
ကျနေရပြီဆိုရင် မျက်ရည်တွေသုတ်ရုံလောက်နဲ့
မရပ်လိုက်ပါနဲ့ သူ့ကိုပါ အပြီးတိုင်မေ့နိုင်အောင်ကြိုးစားပါ
အချိန်ခဏတော့ ပင်ပန်းပေမယ့် နောင်တစ်ဘဝလုံးစာ
သာယာပျော်ရွှင်စေမှာပါ။

ဘဝမှာ တစ်စုံတစ်ရာကြောင့် ကိုယ်မာနတွေ
ထိခိုက်ခံလာရပြီဆိုရင် အရှုံးပေးခေါင်းငုံမနေလိုက်ပါနဲ့
အချို့သော အမှန်တရားတွေက ခါးသက်ပေမယ့်
ထိရောက်မှုက ပြင်းထန်ကြောင်းပြသလိုက်ပါ ခဏတာ
မောပန်းသွားပေမယ့် တစ်ဘဝလုံး သိက္ခာရှိစွာ
ရပ်တည်နိုင်မှာပါ။

ဘဝမှာ တစ်စုံတစ်ရာကြောင့် ကိုယ့်အောင်မြင်မှု
အခွင့်အရေးတွေ ဆုံးရှုံးလာရပြီဆိုရင် စိတ်ပျက်ဝမ်းနည်း
မနေပါနဲ့ အောင်မြင်တဲ့သူတိုင်းက ဒုက္ခဆိုတဲ့အရာကို
အကြိမ်ကြိမ်ရင်ဆိုင် ဖြတ်ကျော်ခဲ့ရသူတွေပဲဆိုတာ
သတိရပါ တစ်ကြိမ်ရှုံးရုံနဲ့ တစ်သက်လုံးရှုံးသွားတာမျိုး
မဖြစ်ဖို့ စိတ်ဓာတ်တွေအားတင်းထားသမျှ တစ်ချိန်ချိန်
အခွင့်အရေးတွေ ရှိလာနိုင်မှာပါ။
image
အကယ်၍သာ ဘဝမှာ ကိုယ့်ရယူသင့်တာကို ယူတဲ့အခါမျိုး ရဲရဲရင့်ရင့်ယူနိုင်ပြီး စွန့်လွှတ်သင့်တဲ့အရာ မှန်သမျှကိုလည်း ပြတ်ပြတ်သားသား စွန့်ပစ်နိုင်ဖို့
ကြိုတင်ပြင်ဆင်ထားပါ တစ်ခါတစ်လေတော့ ဘဝမှာ
အရှုံးလို့ တွေးနေသမျှ တကယ်ကို အမြဲတမ်း
ရှုံးနေတော့မှာမို့ တစ်ခါတစ်ရံ ပြန်ထနိုင်ဖို့ စိတ်ဓာတ်
တွေကို ကြိုတင်စုစည်းထားနိုင်ရမယ် နောင်တဆိုတာ
မပြတ်သားလို့ နောင်မှရတဲ့ စိတ်ခံစားမှုတစ်စုံရယ်ပါ။

အကယ်၍သာ ~~~~~~~~~~~~ | Ecency