Bitcoin အလားအလာ

konay1997(50)
Published in
#btc
Words
278
Reading
2 min
Listen
Play
9y

Bitcoin အလားအလာ
×××××××××××××

Bitcoin ဆိုတာဘာလဲ ဘယ်လဲ Post ​တွေစုံ​နေ​အောင်​ ​တွေ့ပြီးပီဆို​တော့ ​နောက်​တစ်​ချိန်​ bitcoin ဟာဘယ်​လို​တွေ ဆက်​ဖြစ်​လာဦးမလဲ နည်းနည်း​လောက်​ ​ဖောကြည့်​ရ​အောင်​ ပထမဦးဆုံး 2018 မ​ရောက်​ခင်​ ဒီနှစ်​ 2017 မှာ bitcoin ဆိုတာ ထိပ်တန်း ​​​​အရမ်း hot ဖြစ်​တဲ့နည်းပညာ ဆိုင်​ရာ​တွေထဲကတစ်​ခု ဖြစ်​လာခဲ့ပီ။ 2017 အ​စောပိုင်းမှာ bitcoin တန်​ဖိုး 1000$ ရှိရာက​နေ နှစ်​မကူးခင်​ ယ​နေ့​ပေါက်​​ဈေး 15000$ ထိတက်​​နေတာဟာ အရမ်းကို ​ကြောက်​ဖို့​ကောင်းပါတယ်​။ အနည်းငယ်​​ဈေးကျသွားတဲ့ အ​နေအထားမှာ​တောင်​ 15000$ထိ ​ပေါက်​​ဈေးရှိ​နေတုန်း​ပါ။ ဟုတ်​ပါတယ်​ နှစ်​ကူးခါနီးဆို bitcoin ​ဈေးဟာ ကျတတ်​​လေးရှိပါတယ်​ ဒီရက်​ပိုင်းအတွင်း 19000$ က​နေ 11000$ ​လောက်​ထိ ကျသွားခဲ့တဲ့ အ​နေအထားရှိခဲ့ပါတယ်​။ ဒီ​ငွေ​ကြေး နဲ့ပတ်​သက်​လို့ ပညာရှင်​​တွေက ​​ပေါက်​ကွဲသွားနိုင်​​ကြောင်း သုံးသတ်​ခဲ့ကြ​ပေမယ့်​ ယခုချိန်​ထိ တက်​မြဲတက်​ဆဲပါပဲ။

Bitcoin သမိုင်း​​နောက်​​ကြောင်းလိုက်​ကြည့်​ရ​အောင်​။..ဒီ Digital Currency ကို 2009 ခုနှစ်​ ဆာတိုရှီ နာကိုမိုတို ဆိုတဲ့ ပုဂ္ဂိုလ်​က ဖန်​တီးခဲ့တယ်​လို့​တော့ ​ပြောတာပဲ။ ​bitcoin ကို 0.003$ ​လောက်​နဲ့ စဖွင့်​ခဲ့တယ်​​ပေါ့။ ဒါက အစဆို​တော့ ဒီ​လောက်​ပဲ ရှိဦးမယ်​​ပေါ့။ တဖြည်းဖြည်းနဲ့ bitcoin စ​ပေါ်လာတာ 2010, 2011,12, 2103 နှစ်​စ​လောက်​မှာ Bitcoin တစ်​ခုကို 13$ ​ပေါက်​​ဈေးရှိခဲ့တယ်​။ အဲ့လိုနဲ့ Bitcoin ဆိုတာကိုလူသုံးများလာပြီး 2013 အတွင်းမှာ btc ​ဈေးဟာ အတက်​ဆုံးကာလလို့ ​ပြောရမှာပဲ။ 2013 နှစ်​ကုန်​မှာ 900$ 1000$ ထိတက်​ခဲ့တယ်​။ အဲ့ဒီအချိန်​မှာ bitcoin ကလည်း ​ပြောစမှတ်​ပြုစရာတစ်​ခု ဖြစ်​​နေပါပီ။ ကျွန်​​တော်​ bitcoin ကို 2014 မှာ စသိခဲ့ပါတယ်​။ အဲ့တူန်းက ​btc တသ်​ခုကို ​ဒေါ်လာ 300 ​ကျော်​​လောက်​ ​ပေါက်​​ဈေးရှိတာ​ပေါ့။ 2013 မှာ bitcoin ဟာ အများဆုံးတက်​ပြီး 2014 ,2015 မှာ ​ဒေါ်လာ 200 ​ကျော်​​လောက်​အထိ ကျ​သွားခဲ့ပါတယ်​။ 2016 အတွင်းမှာ တဖြည်းဖြည်းနဲ့တက်​လာပါတယ်​ ဒါ​တောင်​ 2016 နှစ်​လ​လောက်​မှာမှ 500$ အထိပဲ ​တ​ရွေ့​ရွေ့တက်​ခဲ့တာပါ။ 2016 အကုန်​မှာ​တော့ 1000$ အထိတက်​ခဲ့ပီးယခု 2017 မှာ​တော့ ​ပြောစမှတ်​ပြုစရာ တစ်​ခုအဖြစ်​ bitcoin တစ်​ခုရဲ့ တန်​ဖိုးဟာ 19000$ ထိတက်​ခဲ့တာဖြစ်​ပါတယ်​။ bitcoin စ​ပေါ်ပြီး 2010 ခုနှစ်​ ​ကျွန်​​တော်​တို့သာ ​ဒေါ်လာတစ်​ရာ​လောက်​ ရင်းနှီးခဲ့မယ်​ဆို ယခု 2017 အကုန်​မှာ​တော့ ​ဘောစိဖြသ်​​နေပါပြီ 😂😂 ။

လာမယ့်​ 2018 မှာ​တော့ bitcoin ဟာဘိုဖြဟ်​လာမလဲဆို​တော့...ပညာရှင်​ ​တော်​​တော်​များက​တော့ ​ဈေးဆက်​တက်​မယ်​လို့ ခန့်​မှန်းကြပါတယ်​။ ခါတိုင်းနှစ်​​တွေလိုပဲ bitcoin က​တော့ နှစ်​စမှာ ​ဈေးအနယ်​ငယ်​​လောက်​ ကျနိုင်​ပီး။ တချို့ဆရာကြီး​တွေ ​ပြောကြာက​တော့...bitcoin တစ်​ခုကို ​ဒေါ်လာ ၄သောင်း( မြန်​မာ​ငွေနဲ့ဆို သိန်း၅ရာ​ကျော်​) ထိ​ပေါက်​​ဈေးရှိမယ်​လို့ ​ပြောကြပါတယ်​။ ​ဈေးအတက်​အကျ အရမ်းကြမ်းတာ​ကြောင့်​ btc ကို အိမ်​​ရောင်း ခြံ​ရောင်းပြီး​တော့ မကိုင်​ကြပါနဲ့လို့​တော့ သတိ​ပေးကြပါတယ်​။ တချို့​တွေ​ပြောကြတာက​တော့ ဒီ​ငွေကြေးက ပူစီ​ပေါင်းလိုပဲတဲ့ တချိန်​ချိန်​မှာ ​ပေါက်​ကွဲနိုင်​ပါတယ်​လို့​ပြောကြပါတယ်​။ ​ပြောရရင်​​တော့ ဘယ်​ currency မဆို crash ဖြစ်​နိုင်​ပါတယ်​။ us dollar လည်း crash ဖြစ်​နိုင်​တယ်​။ မြန်​မာကျပ်​​mmk ​တောင်​crash ဖြစ်​နိုင်​တယ်​။ ဘာအာမခံချက်​မှ မရှိတဲ့ ဒီ btc က​ရော ဘာလို့ crash မဖြစ်​နိုင်​ရမှာလဲ။...​ငွေ​ကြေးတစ်​ခုက million billion နဲ့ချီပြီး မတန်​နို​င်​ပါဘူး။ bitcoin ဖန်​တီးခဲ့တဲ့ ဆာတိုရှီ နာကိုမိုတိုကလည်း ဘယ်​​​ရောက်​လို့ ဘယ်​​ပေါက်​လည်းမသိ။ ဘာအကွက်​​တွေထွင်​​နေလဲမသိ။ ​ပြောကြတာ​က​တော့ ဆာတိုရှိ မှာ bitcoin 1 သန်းရှိတယ်​ဆိုလား​ပြောကြတာပဲ။ အဲ့ဘဲကြီးကလည်း ​ပေါ်​တောင်​​ပေါ်မလာ​တော့ဘူး ။ ဘယ်​လိုပဲဖြစ်​ပါ​စေ ယခုအချိန်​ထိ 2018 မှာ btc ရဲ့တန်​ဖိုးဟာ ဆက်​တက်​မယ်​လို့​ပြောကြတာပါပဲ။ ဟိုဘဲကြီး​ပေါ်မလာပါ​စေနက်​လို့ btc ကိုင်​ထားသူ​တွေ ဆု​တောင်းကြပါလို့။ ကဲ​ပြောချင်​တာက​တော့ Bitcoin ရဲ့အလားအလာ က​တော့ ​ဈေး​တွေ ဆက်​တက်​နိုင်​ပြီး​တော့ market crash ဆိုတဲ့ အ​ခြေအ​နေ ကြီးလည်း ဖြစ်​​ပေါ်လာနိုင်​ပါတယ်​လို့ 😂😂😂

image

Bitcoin အလားအလာ | Ecency