ခွင့်လွှတ်ခြင်း

komoekyaw(43)
Published in
#msu
Words
113
Reading
1 min
Listen
Play
8y

sanam teri kasam ဆိုတဲ့ဇာတ်ကား ကြည့်မိတော့ မှတ်မိတဲ့ စကား၂ခွန်းရှိတယ်။
တစ်ခွန်းက ဟိုနေ့က ပိုစ်တစ်ခုရေးလိုက်ပြီးပြီဆိုတော့ ဒီနေ့ နောက်တစ်ခွန်းကို ထပ်ရေးပြချင်ပါတယ်။

ငါတို့ဟာ မေ့ပစ်နိုင်လို့ အတူတကွ နေနိုင်ကြတာမဟုတ်ပါဘူး။
ငါတို့ဟာ ခွင့်လွှတ်နိုင်ခြင်းကြောင့်သာ အတူတကွနေလို့၇နေတာပါ...။ တဲ့

ချစ်ဖို့ကောင်းတယ်စကားလေး။

တစ်ဦးနဲ့တစ်ဦးကြားက မေတ္တာကိုဖော်ကျူးပြသွားတဲ့ စကား တစ်ခွန်း။

ခွင့်လွှတ်ခြင်းဆိုတာ အတော့်ကိုလုပ်နိုင်ခဲတဲ့ အရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်နေကြတယ်။

သားသမီးတစ်ဦး အပေါ်မိဘာတွေက မကြာခန ဆူတယ် ၇ိုက်တယ်။
ဆရာဆရာမတွေကရော ဆူတာပဲ ရိုက်တာပဲ။
ရိုက်တုန်းဆူတုန်းတော့ မကျေနပ်ဘူး မခံနိုင်ဘူး။

ဒါပေမဲ့ သိပ်မကြာခင်မှာ အဲ့တာကိုမေ့ပြီး ငါ့အဖေ ငါ့အမေ ငါ့ဆရာ ငါ့ဆရာမဆိုတဲ့ ချစ်စိတ်ကပြန်ဖြစ်လာကြတာပဲ။ ဒါဟာ စိတ်ထဲက မကျေနပ်မှုက ကြည်ရှည်မခံဘဲ အတေးအမှတ်မရှိခြင်းက ခွင့်လွှတ်လိုက်နိုင်ခြင်းပါပဲ။ အရာတိုင်းမှာ ချွင်းချက်ဆိုတာရှိသလို သားသမီးက ၊တပည့်က ပြန်ခွင့်မလွှတ်နိုင်တဲ့ အပြစ်မျိုးလုပ်မိတဲ့ မိဘတွေဆရာတွေလည်းရှိပါတယ်။ ဒါက ချွင်းချက်ပါ)

ဒီလိုပဲ သားသမီးတွေဆိုးတယ် ။ မိဘက စိတ်ဆိုးတယ်။ ရိုက်တယ် ဆူတယ် အပြစ်တင် မာန်မဲတယ်။ ဆရာတွေလည်းထိုနည်းလည်းကောင်း ။ ဒါပေမဲ့ ဆူတုန်း ခန ၇ိုက်တုန်းခနပြီး၇င် ငါ့ သားသမီးကို ငါရိုက်လိုက်မိပါလားဆိုတဲ့နောင်တ နဲ့ စိတ်ထဲက နာကျင်မှုကို တကယ်သားသမီးမရှိတဲ့သူတွေ နားလည်ဖို့သိပ်ခက်ပါတယ်။ ခု ဒေါသတကြီး၇ိုက်နေဆူနေပေမဲ့ ခနနေရင် ငါ့သားလေး ငါ့သမးလေ ဆို ချစ်မ)နိုင်တာကလည်း ဆိုးတာတွေကိုခွင့်လွှတ်နိုင်လိုက်ခြင်းကြောင့်ပါပဲ။

ဒီလိုပဲ ညီကိုမောင်နှမ အမျိုးအသိုင်အ၀ိုင်းတွေကိုရော ကျွန်တော်တို့ ခွင့်လွှတ်ခြင်းနဲ့ အတူတူနေလို့မရနိုင်ဘူးလား။

ဒီလိုပဲ ကမ္ဘာ့လူသားအားလုံးရော......။

Kyaw Thu Ra

MSU 056

Photo Credit

Ph140513113609_1_900x600.jpg

ခွင့်လွှတ်ခြင်း | Ecency