လူနဲ့နောင်ရေး

komoekyaw(43)
Published in
#msu
Words
134
Reading
1 min
Listen
Play
8y

ကျွန်တော်မြန်မာမှာနေတုန်းက နောင်ရေးအတွက် ပူပန်တယ်။ စိုးရိမ်တယ်။ ဘာကြောင့်လဲ။
တစ်လစာလောက်မှ လက်ထဲ ငွေအပိုမရှိရင်စိတ်က နေလို့ထိုင်လို့မရအောင်ပါပဲ။
ကျွန်တော့် မိဘတွေကိုကြည့်တယ်။ အိမ်ထောင်သက် ၈နှစ်လောက်ကြာမှ နယ်မြို့ ကလးမှာ ခြံလေးတစ်ခြံပိုင်တယ်။
ခြံဝယ်ထားပြီး နှစ်၂၀ ကျော်မှ အိမ်ကို ခြံအပြည့်ဆောက်နိုင်တယ်။ တည်ဆောက်ချိန်တွေအရမ်းကြာခဲ့တယ်။
ဒါက နယ်။
ရန်ကုန်လိုနေရမှာ အိမ်ခန်းတစ်ခန်းပိုင်ဆိုင်ဖို့ဆိုတာ တစ်လကို ၆သိန်းကျော် လစာရတဲ့သူအတွက်က မမျှော်လင့်နိုင်တဲ့ ကိစ္စ။
အလွဝ်တကူဝယ်နိုင်သူတွေလည်း မနည်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က လူနေမှုစနစ်တွေကို ကြည့်တဲ့အခါ အများစုကိုကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်ခုပြောမှာတွေက အခြေခံလူတန်းစားတွေအတွက်ပဲပြောတာပါ။
ပြင်ပ ၀န်ထမ်းလုပ်သူတွေအတွက် အသက် ကြီးလာတဲ့အခါ ဘာအာမခံချက်မှမရှိပါဘူး။ အစိုးရ၀န်ထမ်းအတွက်ရတဲ့ ပင်စင်ကြေးက လူတစ်ယောက် ရပ်တည်နေထိုင်ဖို့ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒီလို အသက်ကြီးမှ နေရရေးစားရေးခက်လာတဲ့ လူတွေကိုမြင်ရတဲ့အခါ နောင်ရေးအတွက် ပူပန်လာမိတယ်။

ကျွန်တော့် ဆရာ အမြဲပြောနေကျ ပမာလေးတစ်ခု ရှိပါတယ်။ သဘောက
အိမ်မှာ လူ ၁၀ ယောက်ရှိတယ်။ ချက်ထားတဲ့ ဟင်းက ၈ ယောက်စာလောက်ပဲဆိုရင် အိမ်က လူတိုင်းက ငါငတ်မလား ငါ စားတဲ့အချိန်ကျန်ပါ့မလားဆို တစ်ယောက်ကိုတစ်ယောက်စောင့်ကြည့်နေကြမှပြဲ။ ကိုယ့်အလှည့်ကျရင်လည်း ကိုယ်လုံလောက်အောင်အရင်ဆုံး
ယူမယ်။ ဖယ်မယ်။ ၀ အောင်အရင်စားမယ်။ စိတ်တွေက ဒီအစားအတွက် ဖိစီးနေမယ် ပူပန်နေမယ်။ တကယ်လို့ လူ ၂၀ စာလောက် ဟင်းအိုးထဲမှာ ရှိနေမယ်ဆိုရင် ဒီအိမ်က လတွေဟာ အစားအတွက်အဲ့လောက်အာရုံမရှိဘဲ စိတ်တွေလည်းပူပန်စရာမလိုတော့ဘူးတဲ့။
ဒါဘာလို့လဲ။ နောင်ရေးအတွက် စိတ်ချရတဲ့ သူတွေအတွက် ပူပန်မှုဆိုတာ မလိုတော့ဘူးလေ။
မြန်မာမှာ နောင်ရေးအသာထား ။ လက်ရှိ ရှိနေတဲ့အလုပ်လေးပြုတ်သွားရင် ခက်ပြီ ။ ဒီတော့ ပူရတယ်။
ရတဲ့လစာ နဲ့မလောက်ငဘူး ပူရတယ်။ နေမကောင်းဖြစ်ရင်ကုသဖို့ဆေးဖိုးဝါးခ မတတ်နိုင်။ မတတ်နိုင်သူတွေဖြစိရင် အသေခံကြရယုံ။ ဒီတော့ လူတွေစိတ် ဖိစီးမှုကကြီးလွန်းတယ်။

အခြားနိုင်ငံတွေမှာရော လူတွေ ဒီလိုစိတ်ဖိစီးနေကြလေသလား ...။
စိတ်ထဲမြင်တာလေးမန့်သွားပေးပါလား :)

Kyaw Thu Ra
msu 057

Photo Credit
40k82ipoqf.jpg

လူနဲ့နောင်ရေး | Ecency