အစိုးရ မိဘ စိတ်

komoekyaw(43)
Published in
#msu
Words
120
Reading
1 min
Listen
Play
8y

သားသမီးကိုမိဘက မချုပ်ခြယ်ရဘူးဆိုပေမဲ့ အရွယ်မရောက်သေးတဲ့ သားသမီးက လိုချင်တယ်လုပ်ချင်တယ်ဆိုတဲ့ လိုက်လျောပေးနေလို့မရဘူး.။ မိဘမှာ အသိဥာဏ်နဲ့ ယှဉ်တဲ့ အလိုလိုက်မှု ၊ လိုအပ်တဲ့ ပဲ့ပြင်ဆုံးမလမ်းညွှန်ပေးမှုတော့ လုပ်ပေး၇မယ်။ နေရာတကာ ငါသာ မိဘဆိုတဲ့ အနိုင်ကျင့်မှု မလုပ်သင့်သလို နေရာတကာ သာသမီးသဘော ဆိုတာကလည်းမဖြစ်သင့်။

အစိုးရ နဲ့ ပြည်သူ ဆိုတာလည်း မိဘ နဲ့ သားသမီးလိုပဲ။
ပြည်သူက လိုလားတိုင်း အစိုးရတွေက အကုန် အလိုလိုက်နေလို့ မဖြစ်ပေဘူး။ လိုအပ်တဲ့ ဥပဒေတွေပြဌာန်း လိုအပ်တဲ့ အရေးယူမှုလုပ်ရမှာဖြစ်သလို လိုအပ်သလို တိုးတက်အောင် တည်ဆောက် ဖို့လည်းလိုတယ်။
နေရာတကာဖိနှိပ်နေတဲ့ အာဏာရှင် မဖြစ်ဖို့ လိုသလို ဘာကိုမှ မထိမ်းသိမ်းမအုပ်ချုပ်နိုင်တဲ့ရုပ်ပြ မဖြစ်ဖို့လည်းလိုသေးတယ်။
ဒီမိုကရေစီဆိုတာ ပြည်သူလိုချင်တာ အကုန် လုပ်ကြကြေးဆို အစိုးရဆိုတာ ဘာလိုတော့မတုန်း.။

စိတ်နဲ့ကိုယ် ဆိုတာလည်း အစိုးရနဲ့ပြည်သူလိုပဲ။
စိတ်ဆိုတာကို အချိန်တိုင်း အာဏာရှင်လို ဖိနှိပ်နေဖို့ မလိုသလို နေရာတကာ အလိုလိုက်ရင်လည်း မဖြစ်ပြန်ဘူး.။
ဘယ်နေရာအလိုလိုက်ရမယ် ဘယ်နေရာ အလိုမလိုက်သင့်ဘူးဆိုတာ သိနိုင်တဲ့ ဥာဏ်ပညာနဲ့ အလိုမလိုက်သင့်တဲ့နေရာမှာ ပြတ်ပြတ်သားသားကိုင်တွယ်နိုင်တဲ့ သတ္တိဆိုတာ လိုတယ်။ သတ္တိရှိဖို့ အင်အားဆိုတာ လို တယ်။ အင်အားမရှိဘဲ သတ္တိကောင်းနေရင်လည်း စောစောစီးစီးကျရှုံးတတ်တယ်.။ အင်အားရှိအောင် တည်ဆောက်ဖို့ကလည်း အုပ်ချုပ်ရေး အတတ်ပညာလိုတယ်။ အုပ်ချုပ်ရေး အတတ်ပညာဆိုတာ ကိုယ့်ကိုယ်ကိုအုပ်ချုပ်တာကနေ စလို့ မိသားစုကိုအုပ်ချုပ်တာ ရပ်ကွက် မြို့နယ် နိုင်ငံ ဒေသတွင်း ကနေ ကမ္ဘာကို အုပ်ချုပ်တာအထိ အုပ်ချုပ်ရေးအတတ်ပညာဆိုတာ သူ့အတိုင်းအတာနဲ့သူလိုအပ်တယ်။
ကျွန်တော် အယူအဆ အရတော့ အုပ်ချုပ်တဲ့ အတတ်ပညာ ဆိုတာ တက္ကသိုလ်တွေ ကနေ သင်ယူလို့တတ်တဲ့ ပညာ မဟုတ်ဘူး.။

Kyaw Thu Ra

MSU 056

Photo credit - http://waldo-fl.com/government.php

page-government.jpg

အစိုးရ မိဘ စိတ် | Ecency