အမေရိကန်အိမ်ဆောက်နည်း

komoekyaw(43)
Published in
#msu
Words
155
Reading
1 min
8y
Listen to this post
~1 min

အမေရိကန်က အိမ်ဆောက်ပုံ ဆိုပေမဲ့ တကယ်တော့အမေရိကန်ကအကျယ်ကြီးလေ ။ ရာသီဥတုကလည်း တနေရာနဲ့တနေရာမတူကြ။ အချိန်နာရီကလည်း မတူကြတော့ အိမ်ဆောက့်ုံတွေလည်းတူချင်မှတူပေမပေါ့.
ကျွန်တော် ခုရေးပြချင်တာက အရမ်းအေးတဲ့နယ်မြို့လေးတွေမှာ အိမ်ဆောက်တဲ့အခါဘယ်လိုတွေဆောက်လဲဆိုတာကိုပြန်ပြောကြချင်တာပဲ။ ကျွန်တော်ရောက်နေတဲ့မြို့လေးက အတော်အေးချမ်းတဲ့ မြို့လေးဖြစ်ပြီးတော့ အတော်လေးကို တိတ်ဆိတ်လှပါတယ်။
အိမ်လေးတွေလှသလို တည်ဆောက်ပုံတွေကိုလည်းသေချာလေးကို လေ့လာကြည့်မိပါတယ်.
အိမ်တွေဟာ အများအားဖြင့် ခြံစည်းရိုးကာလေ့မ၇ှိတာကိုသတိထားမိပါတယ်။
နောက်ပြီး အိမ်ဆောက်ထားတဲ့ မြေနေရာ နဲ့ထပ်တူလောက် ကားပါကင်အတွက် လည်းမြေနေရာထပ်တူနီးပါးချန်ထားလေ့ရှိကြတယ်။
ဘာလို့ဆို အတော်များများက ကားကို ရာသီအလိုက်စီးဖို့ ၃စီးလောက်ထားတယ်ဆိုတော့ မဖြစ်မနေ ကားပါကင်အတွက်က နေရာအတော်ကျယ်ကျယ်လိုကြတယ်လေ။ မြန်မာမှာလိုတော့ ကားဂိုထောင်ကို အမိုးအကာသေချာထားတာမတွေ့မိဘူး ကားပါကင်နေရာပဲထားတာ မြင်ရတယ်။ နောက် မြေနေရာတွေကလည်းပေါလွန်းတာပါမယ်။ မြို့လယ်ခေါင်က ရုံးတွေကလွဲလို့ ကျန်တဲ့လူနေအိမ်တွေဟာ အထပ်မြင့်မနေကြပါဘူး။ မြေကလည်းပေါလွန်းတော့ ၂ထပ်ထပ်ပိုမြင့်အောင်မဆောက်ကြဘဲ PRIVACY မြင့်မြင့် လုံးချင်းအိမ်တွေနဲ့ပဲနေကြတဲ့သဘောနဲ့တူပါတယ်.
အိမ်ဆောက်ပုံလေးအဓိကပြောချင်တာမို့အိမ်ဆောက်တဲ့ပုံစံကိုပြန်သွားပါမယ်။
အရင်က်တော့ သစ်ဆိုတာ မြန်မာကအပေါဆုံးထင်ခဲ့တာ မှားသွားတယ်။ ဒီက သစ်ဆိုင်ဆိုတာ ကုန်မာဆိုင်လိုမားကက်ကြီးအကြီးကြီးမှာ အကုန်အစုံတင်ထားကြလေရဲ့။

IMG_20180930_125750.jpg

အိမ်အများစုဟာ သစ်နဲ့ဆောက်ကြပါတယ်။ အိမ် နံရံကို စကပ်တဲ့အခါမှာ တစ်ပေခြား ၄X၂ သစ်တိုင်လေးတွေ ကို တစ်ပေခွဲလောက်ခြားပြီးထောင်ထားပါတယ်။ အရင်ဆုံး ကပ်တာက အချို့အိမ်တွေမှာ ကြိတ်သား ကပ်ပါတယ်။ ကြိတ်သားဆိုတာက အတော့်ကိုမာပါတယ်။ တော်ယုံ မဆွေးတဲ့ သစ်ကြိတ်သားပါ။ အောက်ပါပုံအတိုင်းပေါ့။

pHOTO CREDIT

![128_20-Easy-Ways-to-Make-Your-Home-More-Green_0-f.jpg]
()

အချို့အိမ်တွေမှာတော့ မြန်မာဘက်ကလိုပဲ လျှာထိုးပြားတွေကို ကာကြပါတယ်။ အိမ်အဟောင်းအများစုပေါ့။
အဲ့လိုကာထားတဲ့ ကြိတ်သားပြး သို့မဟုတ် လျှာထိုးပြားတွေရဲ့အတွင်းမှာ ၈လက်မ ၀န်းကျင်အထူ ဂွမ်းကပ်တွေကို ဖိသိပ်ဖြည့်ထည့်ပါတယ်။ အောက်ပါပုံအတိုင်းပါ။

Photo credit

![building-materials-insulation-hero.jpg]
()

အဲ့ဒီ ဂွမ်းသားတွေအပေါ်မှာမှ ထုံးပြား တစ်ထပ် ထပ်အုပ်ပါတယ်။

ထုံးပြားအပေါ်ကနေမှ ပတ်တီးရိုက်ပြီး ဆေးထပ်သုတ်ထားတာကြောင့် မသိရင်တော့ အုတ်နံရံအတိုင်းပါပဲ။

ဒါကြောင့်အေးတဲ့ရာသီမှာ အပြင်ကအအေးဒဏ်ကို အတော်အတန်ခံနိုင်ရည်ရှိပါတယ်.
ဒါပေမဲ့ အစိုးရ ဥပဒေအရ အိမ်တိုင်းမှာ HEATER မထည့်မနေရ ပါ။ ဒါပေမဲ့ 60* F အထိကိုတော့ heater ဖွင့်လေ့မရှိကြပါဘူး။
အဲ့လိုအထပ်ထပ် ကာရံထားတဲ့ နံရံကို အပြင်ဆုံးကနေ ဖိုင်ဘာတစ်ထပ်ပြန်အုပ်ပါတယ်။ ဒါကြောင့် အိမ်နံရံဟာ အလွန်ကို လှနေပါတော့တယ်။
အောက်ပါပုံအတိုင်းပေါ့။

IMG_20181004_162101.jpg

ဒါကတော့အမေရိကန်နယ်မြို့လေးတစ်ခုက အိမ်ဆောက်တဲ့ စနစ်နဲ့ပုံစံလေးတွေပါ။

တကယ်လို့အားပေးတဲ့သူတွေရှိရင်တော့ နောက်လည်း အဆင်သင့်သလို မြင်ရတွေ့ရတာလေးတွေဆက်ရေးပေးသွားပါဦးမယ်။

Kyaw Thu Ra
MSU 056

အမေရိကန်အိမ်ဆောက်နည်း | Ecency