ပတ်ဝန်းကျင်နဲ့ သက်ရောက်မှု

komoekyaw(43)
Published in
#msu
Words
116
Reading
1 min
Listen
Play
8y

လူတစ်ယောက်ဟာ သူနေတဲ့ပတ်ဝန်းကျင် ရာသီဥတု အပြောင်းအလဲဖြစ်တဲ့အခါ သို့မဟုတ် နေလက်စ ပတ်ဝန်းကျင် ရာသီဥတု တစ်ခုကနေ အခြားတစ်ခုကို ပြောင်းနေတဲ့အခါ ကျန်းမာရေး ထိခိုက်မှုဒဏ်ကို ခဏ်စားရတတ်တယ်။ ဒါ လူတိုင်းသတိထားမိတဲ့ကိစ္စ။ ရာသီ ပြောင်းတဲ့အခါ သို့မဟုတ် မူတညီတဲ့ရာသီဥတုကို ပြောင်းနေတော့မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက်သတိပေးကြတယ်။ ရာသီအပြောင်းအလဲမှာ ဂရုစိုက်ကြနော။ အေးတဲ့ရာသီဆို အနွေးထည်သေချာဝတ်နော်။ ပူတဲ့ရာသီဆို နေပူထဲ ကပြန်လာရင်ရေတန်းမချိုးနဲ့နော်။ ဆေးကြိုသောက်နော် ။ စသဖြင့် သတိပေးတတ်ကြတယ်။

ဒါပေမဲ့ ယဉ်ကျေးမှု တွေ အတွေးအခေါ်တွေ မတူညီတဲံ ပတ်ဝန်းကျင်တွေနဲ့ထိတွေ့ရတော့မဲ့သူတွေကိုတော့ အပြန်အလှန် စိတ်ပူတာ သတိပေးတာမျိုး ကိုတော့ အကိုတစ်ယောက်သတိပေးတာမြင်ဖူးတာအပြင် အခြားသူတွေ အချင်းချင်းသတိပေးတာမမြင်ဖူးမကြားဖူးဘူး။ နင်နေခဲ့တဲ့နေရာက တွေါ်ပုံ မျိုး နဲ့တွေးတဲ့အကျင့်တွေတစ်ခါထဲ ဖျောက်ထားတဲ့။ အခြား အများစုကတော့အဲ့လို မှာတာမရှိ။
တကယ်တော့ ယဉ်ကျေးမှုမတူတဲ့ ပတ်ဝန်းကျင်နဲကထိတွေကရတဲ့အခါ လူတစ်ယောက်ဟာ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေို့ခံစားရတယ်။ ယဉ်ကျေးမှု ဘယ်လောက်ကွာမလဲ အဲ့လောက် စိတ်ပိုင်းဆိုင်ရာထိခိုက်တယ်။
ဒီလိုပဲ အတွေးအခေါ်တွေါ်ပုံ ယူဆပုံတွေမတူတဲ့ပတ်ဝန်းကျင်နဲကထိတွေ့ရတဲ့အခါလည်း လူတစ်ယောက်မှာ ပြင်းထန်တဲ့ စိတ်ပိုင်ူဆိုင်ရာထိခိုက်မှုတွေဖြစ်ရတယ်။ ထိခိုက်မှု အနည်းအများဆိုတာက နှဏ်ဘက်ပတ်၉န်းကျင်ရယ် နှစ်ဘက်ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ် နားလည်ပေးတတ်မှုတွေ အနိမ့်အမြင့်အပေါ်မူတည်ပြီး အင်အားနည်းသူက ပိုခံရတယ်။ အတွေးအခေါ်နိမ့်သူလို့ မသုံးတာက အတွေးအခေါ်ဆိုတာ နိမ့်တယ်မြင့်တယ်ဆိုတာထက် မတူညီဘူးလို့သုံးတာက တစ်ဘက်ဘက်ကိုနစ်နာအောင်ထိုးနှက်တဲ့စကားလုံးတစ်ခုလို့ယူဆလို့မသုံးတာပါ။

တကယ်တော့ ရာသီဥတု အပြောင်းလဲကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး က ဆေးခန်းသွားးဆေးသောက်ပြီး ပြင်ဆင်ကုသလို့ရတယ်။
ယဉ်ကျေးမှုအပြောင်းအလဲ ၊အတွေးအခေါ်ယူဆပုံမတူတဲ့ ပတ်ဝန်းကျင်အပြောင်းအလဲက လူတစ်ယောက်ရဲ့ စိတ်ကိုထိခိုက်နစ်နာစေမှုကိုတော့ နားလည်နိုင်သူ သတိထားမိသူနည်းသလို ကုသဖို့လည်း ခက်ခဲလှပါတယ်။

ဒီလိုစိတ်ကိုထိခိုက်စေတာက လူတိုင်းအတွက်တော့ ဟုတ်ချင်မှ ဟုတ်မယ်.။
လူတိုင်းအတွက် ဟုတ်ချင်လည်း ဟုတ်နေနိုင်တယ်။

Kyaw Thu Ra
MSU 056

Photo Credit

525022main_FAQ12.jpg