change life 4

Words
73
Reading
1 min
Listen
Play
8y

ဘဝ တစ်ဆစ်ချိုး ၎
နောက်နေ့မှာတော့ ကျွန်တော်တို့သားစုဝင်အားလုံ ပုံစံပြောင်းပီး တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ကျွန်တော်အမေ့နဲ့အမ ကတောထဲမှာ ထင်းလိုက်ခုတ်ပါတယ် ညီလေးက သူတို့ခုတ်ထားတဲ့ထင်းပင်တွေကို လိုက်ပီးစုစည်းထားပေးပါတယ် ကျွန်တော်ကတော ထင်းစည်းထမ်းပီး အိမ်အရောက် ပြန်ပို့ရပါတယ်။
ညနေ တာဝန်ချိန်ပီးတဲ့ အဖေကလဲ ကျန်တော်ထမ်းလို့ မကုန်တဲ့ဟာတွေ လာပီး ထမ်းကူပါတယ်။တစ်ရက်စာ အားလုံးပီးရင်တော့ ညမိုးချုပ် ရေချိုး ထမင်းစားပီး ခဏနား မနက်က ခုတ်ထာတဲ့ ထင်းတွေ သူတို့လိုချင်တဲ့ အတိုင်းတာ ပုံစံ အတိုင်း ပြန်ပိုင်းပေးရပါတယ်။မနက်ကြရင် အိမ်ရှေ့မှာ နေလှန်း ပီးရင် တောထဲပြန်သွား ပြန်ခုတ်။၉ နာရီ ကျောင်းပြန်တက် ညနေကျောင်းဆင်းရင် မနက်ကဟာတွေပြန်သယ် ဒီလိုမျိုး ကျင်လည်ဖြတ်သန်းခဲ့ရပါတယ်။၉ တန်း တက်ခါနီးမှာ ဆရာသိန်းထွေးနားမှာ ပညာစသင်ခဲ့ရပါတယ် ဆရာရဲ့ပညာအမွေနဲ့ ကျွန်တော်တို့မိသားစု ဘဝအဆင်ပြေခဲ့ရပါတယ်။အရင်က colour tv တစ်လုံး ပိုင်ဖို့က တော်တော်လေး အခြေအနေ ကောင်းမှဝယ်ကြည့်နိုင်တာပါ။မရှိတော့ သူများအိမ်ပြတင်ပေါက် ခြေထောက်ပီးကြည့်ခဲ့ရတဲ့ အချိန်လေးကလဲ အခုချိန်မှာ လွမ်းမောစရာပါဗျာ။ MSU. 032

change life 4 | Ecency