change life 4

Words
64
Reading
1 min
Listen
Play
8y

ဘဝ တစ်ဆစ်ချိုး ၎
မော်လမြိုင်မှာနေတော့ မွန်လူမျိုးတို့ရဲ့ ရိုးရာ ဓလေ့ တွေကို ပိုပီးနာလည်လာပါတယ်။သူတို့ရဲ့ ဘာသာစကား အနည်းငယ်တော့ ပြောတက်အောင် သိအောင် သင်ထားရပါတယ်။
ဒါကတော့ ရွေ့ ပြောင်းနေထိုင်ခြင်းရဲ့ ကောင်းမြတ်တဲ့ ရလဒ်ပါ။တစ်နေရာနဲ့ တစ်နေရာစီးပွါး ရှာပုံတွေကလဲ ကွဲပြားခြားနားကြပါတယ်။တိုင်းရင်းသား လူမျိုး အများစုကတော့ ဥယာဉ်ခြံမြေ စိုက်ပျိုးခြင်း သားငါးမွေးမြူ ရောင်းချခြင်းတွေကို မိသားစု စီးပွါးရေး အဖြစ် အဓိကထားပီး လုပ်ကိုင်ကြပါတယ်။ကျွန်တော် တို့လို့ နေရာပြောင်း နေထိုင်သူတွေကတော့ ရောက်တဲ့နေရာမှာ ဘဝကို အဆင်ပြေအောင် နေထိုင်နိုင်အောင် ကြိုးစားကြရပါတယ်။အချိန်အတိုင်းအတာ တစ်ခုအထိတော့ အခက်အခဲရှိပါတယ် နေသားကျသွားရင်တော့ ရှဖွေစားသောက်ရတာ အဆင်ပြေလာပါတယ်။အထိုင်လေူကျလာပီ မိသားစုတွေလဲ အဆင်ပြေလာပီဆိုပီး ဝမ်းသာနေစရှိသေးတယ် ရာထူးတိုးတယ် ထပ်ပြောင်းဆိုတော့ သေပီဆရာပါဘဲ။ဘယ်တက်နိုင်မလဲ ပြောင်းဆိုတော့ ပြောင်းရတာပေါ့ မော်လမြိုင်ကနေ မြိတ်ကို ဘဝအပြောင်းအလဲအတွက် ရင်ဆိုင်ရမှာပေါ့။ MSU. 032

change life 4 | Ecency