change life 3

Words
66
Reading
1 min
Listen
Play
8y

ဘဝ တစ်ဆစ်ချိုး ၃ image
ကျွန်တော့်ခေါင်းထဲမှာ အတွေးပေါင်း များစွာနဲ့ရှူပ်ထွေး ကုန်ပါတယ်။စိတ်လဲမကောင်း သလို စိတ်ဓါတ်ပါ ကျသလို ဖြစ်သွားပါတယ်။
မြန်မာစကားပုံရှိပါတယ် သုံးနေရာပြောင်းရင် သုံးစလောင်း ပြောင်ပါတယ်တဲ့ ။တစ်ကယ်မှန်ပါတယ် မွေးရပ်မြေ ရန်ကုန်ကနေ မော်လမြိုင်ပြောင်း တဲ့အခါကလဲ မိသားစု အခြေအနေ အတော်လေး ယိုင်နဲ့ခဲ့ရပါတယ်။စားစရာ ဝတ်စရာကအစ အာလုံး ဆင်ရနွမ်းပါခဲ့ရပါတယ် မော်လမြိုင်ရောက်ပီး ၂ နှစ်ကျော်လောက်မှ အဆင်ပြေတယ် ဆိုရုံ ဘဝကို ပြန်ရခဲ့ရပါတယ်။ရောက်ခါစကအဖေ့လစာက စားဖို့လောက်ပါဘဲ ကျောင်းတက်စရိတ် အဝတ်အစား ဘာကြေးညာကြေး ဘာမှမပေးနိုင်တဲ့ဘဝနဲ့ အတန်းထဲမှာ မျက်ခွက်မာပီး ရအောင်ကျောင်းတက်ခဲ့ရပါတယ်။ကျောင်းဆင်းချိန်မှာ သူများတွေနည်းတူ ရရာ အလုပ် စလုပ်ခဲ့ရပါတယ်။အရွယ်ကလဲငယ်တော့ အလုပ်က အဆင်မပြေခဲ့ပါဘူး အဲ့ဒီတော့ ကိုယ်ပိုင်အလုပ် ဘာရှိလဲရှာရတာပေါ့။မော်လမြိုင် မြို့ သီရိမြိုင် ရပ်ကွက်မှာ ထင်းအဝယ်ဒိုင်ရှိပါတယ် ထင်းခုတ်ရောင်းကြည့်ပါလားတဲ့ ။ဟုတ်ပါတယ် သတင်းကမှန်ကန်ပါတယ် သတင်းပေးတဲ့သူကို ထိုင်ရှစ်ခိုးချင်စိတ်ပေါက်သွားပါတယ်။လက်ထဲမှာ စုထားတဲငွေတစ်ရာ ယူပီး လက်လက်ရည် ဝယ်တိုက်လ်ုက်ပါတယ်။ MSU. 032